အိမ်မှလူတွေအာ သူ Singaporeကို သွားမည့်အကြောင်းပြောပြမိတော့...အဝတ်အစားပူဆာတဲ့သူနဲ့ ဓာတ်ပုံများများရိုက်ဖို့မှာတဲ့သူနဲ့
ဟုတ်နေရောပဲ။သူကမိဘမဲ့ပေမဲ့ ဒီမိသားစုအသိုက်အမြုံလေးကိုေတာ့ တကယ်သဘောကျမိသည်။"ကောရာ မိုက်တာပေါ့...ကျွန်တော်ဆို Dragon trail(နဂါးခြေရာ) ကိုရောက်ဖူးချင်တာ.."
"Jackမင်းဟာကြီးက မမိုက်ပါဘူးကွာ။ ကျွန်တော်က Merlionကို ကြည့်ချင်တာ..."
"စားမရဝတ်မရတာတွေ...Dreamအတွက်က အဝတ်နော်...မမေ့နဲ့နော် ကော"
"ဟုတ်ပါပြီဗျာ..မင်းတို့မှာသမျှ အပါယူခဲ့ပါ့မယ်"
"ဟုတ်×3..."
"ကောအပင်တွေကို ရေသေချာလောင်းနော်..တစ်နေ့နှစ်ကြိမ် နေ့ခင်းဘက်မလောင်းနဲ့နော်..."
အပင်တွေကို သေချာစောင့်ရှောက်ဖို့မှာချိန်သာ ခေါင်းတညိတ်ညိတ် ခဏအကြာတော့ တစ်ယောက်တစ်ပေါက်နဲ့ ဟိုနေရာ၊ ဒီနေရာ ပြောနေသော ကလေးသုံးယောက်တကယ့်မျောက်လောင်းလေးတွေ။ ပြောရရင် Singapore က အပန်းဖြေလို့ ကောင်းတဲ့နေရာတစ်ခုဖြစ်သည်။
လည်ပတ်စရာ အများကြီးရှိတဲ့အပြင်...အစားအသောက်ကောင်းတွေလည်း များများရှိတယ်လေ။သူကတော့ Orchid gardensနဲ့ Butterfly partကို အရောက်သွားရမယ်လို့တေးထားတာ...အချိန်ရှိရင်တော့ Jurong Bird Parkကိုသွားရမယ်။
>>>
"Leo မင်းခုံက ရှေ့တန်းမှာ.."
Mr. Deepရဲ့ အေြပာအရဆို သူက vip roomမှာထိုင်ရမှာလား။ ပြီးတော့ ဒီလေယာဉ်ထဲမှာ သူတို့လူတွေကလဲွဲပြီး တခြားသူမရှိပေ။ ဒီလေယာဉ်ဟာ Bossရဲ့ ကိုယ်ပိုင်လေယာဉ်လား?သူတို့Bossမှာ ကိုယ်ပိုင်လေယာဉ်ကွင်းတောင်ရှိတာလား?? Bossက ဒီခရီးစဉ်ကို လိုက်အုန်းမှာလား??အမေးတို့သည် အဖြေမရှိခဲ့...ဟူး...ထားပါတော့လေ။
Vip roomထဲတွင် ဘယ်သူမှမရှိပေ။ သူသည် ဒုတိယတန်းခုံကိုရွေးချယ်ခဲ့သည်။ လေယာဉ်ပြတင်းပေါက်ဘက်ြခမ်းခုံတွင် ဝယ်ယူလာသော snackမုန့်ထုတ်များကို ချထားလိုက်၍ ဘေးဘက်ခုံတွင် နေရာဝင်ယူလိုက်သည်။ မကြာမီတွင် လေယာဉ်ထွက်မည့်အကြောင်း ကြော်ငြာသံထွက်လာသည်..လုံခြုံရေးခါးပတ်ကို သေချာပတ်ရင်း လေယာဉ်အထွက်ကို စောင့်ဆိုင်းနေစဉ် တတိုင်းမွှေးပန်းရနံ့သည် လေထုထဲတွင်ပျံနှံ့လာသည်။
![](https://img.wattpad.com/cover/344398349-288-k17585.jpg)
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023