"ကိုယ်ပါမှဖြစ်မဲ့ အရေးကြီး အစည်းအဝေးပွဲရှိလို့..ဒီနေ့ ဘေဂျင်းသွားရမယ်"
"သွားလေ"
Baeကပြောင်းလဲသွားပြီ။ အရင်က သူခရီးသွားမည်ဆိုတိုင်း အဝတ်အစားများနှင့် ကျန်းမာရေးဂရုစိုက်ဖို့ မှာတာ လေယာဉ်ပေါ်တက်သည်အထိ။ အခုတော့ မနက်စာတောင်စားမပျက်..မဖြစ်ဘူး မာရီယာစီက အကြံတောင်းရမယ်။
.
.
.အချိန်သည်ကာ နေ့လည်၁၂ နာရီထိုးပြီ။ အခုလောက်ဆို ဉီး ဘေဂျင်းရောက်ေနေလာက်ပြီ။ Dream ပြောတာက ဖြစ်ပါ့မလား?? မသိတော့ဘူး တွေးပူမနေတော့ဘူး...ကျားယို့ ဝမ်ရိပေါ်။
>>>
"Sean နင့်မျက်နှာကလဲ ကြက်ကြီး လည်လိမ်ထားသလိုပဲ။ ဘေဂျင်းနဲ့ ချုံချင်းက ၂ခေါက်လောက်နေ့ခင်းပြန်လို့ရတဲ့ခရီးကို ဘာလဲ အသက်ကြီးလာတော့ ပင်ပန်းနေပြီလား"
"မဟုတ်ပါဘူးဟာ... Bae စိတ်ကောက်နေလို့..."
"ထုံးစမ်းအတိုင်းပဲလား.."
"မဟုတ်ဘူး...baeကို ငါကလိမ်မိလို့.."
သူတို့ လင်လင်နှစ်ယောက် စိတ်ဆိုးစိတ်ကောက်တိုင်း သူတို့မှာမနေသာ...သူတို့ဘက်ကလည်း seanကို ချော့နည်းပေးရပေါင်းလဲ အကြိမ်ရေမနည်းတော့ ။Seanကလည်း အသက်ကြီးမှ စော်ကြည်တာမပျက်ပုံက.. ပီယ ဆေးစားထားသလားပဲ။ ဒီလိုပေမဲ့ seanက ရှုပ်တာရှုပ်တာမရှိမှန်း သူ့ကလေးဝမ်ရိပေါ်က သိပေမဲ့ အခုတစ်ခါက လိမ်လို့ စိတ်ဆိုးတာ ဖြစ်မယ်။ ငါ့ယောကျာ်းနဲ့ငါတောင် ဒီလောက်ခေါင်းမပူရဘူး။
"နေ့လယ်စာစားရအောင်...နောက်မှလင်ပူမိ"
"ဘာမှစားချင်စိတ်ကိုမရှိဘူး"
"တင်!"
Message ဝင်သံကြောင့် စိတ်မပါလက်မပါ ဖွင့်ကြည့်မိတော့...ဒါက...baeစီကတဲ့လား!!!
"ဟဲ့...ဘာဖြစ်တာလဲ တအံတသြနဲ့..ဟဲ့..sean!!"
"ပြန်ပြီ...ငါအိမ်ပြန်ပြီ!"
ဘာလားဟာ့...အပျော်ကြီးပျော်လို့ ခုန်ပေါက်ေနသော sean။ အရင်က တည်ငြိမ်တယ်လို့ ထင်ခဲ့မိတဲ့ သူမပါးကို တစ်ယောက်ယောက် တစ်ချက်လောက် ရိုက်ပေးကြစမ်းပါ။
.
.
.

YOU ARE READING
Sean's Adorer (Complete)
FanficZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023