အချိန်သည် မနက်6နာရီနီးပါးရှိနေပြီဖြစ်သောကြောင့် အနီးအနားရှိ market တစ်ခုကိုသွားလို့ ချက်ပြုတ်စရာများကိုဝယ်ယူလိုက်သည်။ဉီးသည်အိပ်စက်နေဆဲဖြစ်၍ ဉီးစားဖို့ တစ်ခုခုကိုလည်း အလျင်အမြန် ချက်ပြုတ်လိုက်ရသည်။
.
.
."ဉီး...ဆရာဝန်ခေါ်ရအောင်?"
အသားတို့သည် မီးခဲပမာ ပူလောင်နေသည်။ မနေ့ကမိလာတဲ့ ဆေးဒဏ်ကြောင့်ရော၊ အချိန်အတော်ကြာ ရေအေးစိမ်ထားရသဖြင့် ဆေးသောက်ထားတာတောင် အဖျားကမကျ...
"ဟင်း...ကိုယ့်ကို baeပဲပြုစုပေးပေါ့.."
သူက ဆရာဝန်မဟုတ်သည့်အတွက် ဉီးကို သေချာပြုစုနိုင်မလားမသိပေမဲ့...သူသိသလောက်တတ်သလောက် သေချာဂရုတစိုက်ကြည့်ရှုပေးနိုင်သည်။
"ဟုတ်...ခဏထနော် ကျွန်တော် ကြက်ဆန်ပြုတ်လုပ်ထားတယ်.."
ခုတင်နောက်ကို ခေါင်းအုံးတစ်လုံးခံ၍ ဉီးကိုမှီခိုင်းထားသည်။ မီးဖိုပေါ်တွင်တင်ထားသော ကြက်ဆန်ပြုတ်လေးသည်ကို ပန်းကန်လုံးကြီးထဲထည့်၍ယူဆောင်လာခဲ့သည်။
"ဖူး...ဖူး...အာ..."
ကြက်ဆန်ပြုတ်ကို တဖူးဖူးနဲ့မှုတ်နေသောကြောင့် ဆူထွက်လာတဲ့ နှုတ်ခမ်းဖူးဖူးလေး။ကလေးခွံသလို တစ်လုပ်ခြင်း ခွံကျွေးလာသော bae...
"ကိုယ် တော်ပြီ"
"သောက်မကောင်းလို့လား..."
လေးငါးလုတ်နဲ့တင် တော်ပြီလို့ပြောလာသော ဉီးကြောင့် သူ့မှာ အမေးဆိုမိတော့..
"ခါးလို့..."
ကြည့်ရတာ နေမကောင်းလို ပါးစပ်ပျက်တာထင်ပါရဲ့...
"ကျွန်တော်ကို ချစ်ရင် နည်းနည်းထပ်စားအုန်းနော်.."
အားနည်းနေလျှင်ဆေးဒဏ် မခံနိုင်ဖြစ်လိမ့်မည်။ ထို့ကြောင့် စွပ်ပြုတ်ကိုချော့မော့ကာ နည်းနည်းထပ်သောက်ခိုင်းရသည်..
"ကိုယ်က baeကိုအများကြီး ချစ်လို့ အကုန်သောက်တာနော်..."
"ဟီး...ပြွတ်...ဒါကဆု"
ဉီး၏ အဆီနည်းနည်းဝေ့နေသော နှုတ်ခမ်းလေးကို တစ်ချက်နမ်းရှိုက်မိလေတော့..
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023