"ဉီး...""ဗျာ့..."
သူခေါ်တော့ ဉီးသည် ဗျာကနဲ ထူးလာတယ်။ တကယ်လည်း ဉီးသည် သူ့အပေါ်ကောင်းသည်ထက် ပို၏။ တစ်နေကုန် သူ့သဘောကျ သူ့နောက်ကနေ အမြဲရှိပေး ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ သူ့မျက်နှာလေး တစ်ချက်တောင်အငြိုးမခံခဲ့ပေ။
"ဒီမှာ ဘာတွေရှိလဲဟင်..."
"Garden by the bayမှာ လည်ပတ်စရာများပေမဲ့ ကိုယ်တို့က Cloud Forestနဲ့ Flower Domeကို သွားကြမယ်..."
"ဟုတ်.."
"Cloud forest က 35-metersမြင့်ပြီး အပူပိုင်းမြေမြင့်ဒေသရဲ့အပင်ပေါင်း6000ကျော်က သဘာဝအတိုင်းပေါက်ရောက်နေတယ်။ ပြီးတော့မိုးလုံလေလုံ ရေတံခွန်မို့ ဘယ်ရာသီမဆို ခရီးသွားများတယ်.."
"ဒါကဘာအပင်တွေလည်း ဉီး...ကျွန်တော်တစ်ခါမှမတွေ့ဖူးဘူး"
"Tassel Fern အဲ့အပင်က လေထဲကတစ်ဆင့် မျိုးပွားနိုင်တဲ့ဖန်းပင်။ ဒီအပင်က Pitcher plant အန္တရာယ်မရှိဘူးထင်ရပေမဲ့ အင်းဆက်နဲ့ပိုးကောင်ငယ်လေးတွေကို စားသောက်တဲ့အသားစားအပင်..."
ဉီးသည် သူသိလိုသမျှကိုစိတ်ရှည်ရှည်ဖြင့် ဖြေပေးတတ်သည်။အမေးအမြန်းထူသော သူ့အာ စိတ်ရှည်ပေးသောသူသည် ဉီးတစ်ေယာက်သာဖြစ်သည်။
"Orichids of the Amazon ဒီမှာကတော့ လူသိနည်းတဲ့သစ်ခွမျိုးစိတ်50ကျော်ရှိတယ်။ အမေဇုန်မှာက သစ်ခွမျိုးစိတ်700ကျော်ရှိပေမဲ့ အဲ့ကိုသွားလည်ပတ်ဖို့က အန္တရာယ်များလွန်းတယ်လေ။ပြီးတော့အမေဇုန်ရဲ့အငွေ့အသက်ဖြစ်တဲ့ capybara slothနဲ့ ကြက်တူေရွးပုံစံတူေတွနဲ့ ဓာတ်ပုံရိုက်လို့ရတယ်"
Cloud forest သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသောနေရာဖြစ်သည်ဟု သူထင်မိသည်။ နေရာတိုင်းသည် အစိမ်းရောင်အပင်တို့နှင့်ပြည့်နှပ်နေကာ သာယာဖွယ်လည်းကောင်းလှသည်။ စင်ကာပူနိုင်ငံသည် အတုယူထိုက်သည်။ လူသားတိုင်းသည် ဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်သည်။
>>>>
"ကိုယ်တို့အခု flower domeကိုသွားကြမယ်။ပန်းအမျိုးအစားစုံလင်စွာရှိတဲ့အပြင် ဒီနေ့ japan sakura event ရှိတယ်။ Baeက ပန်းတွေကြိုက်တယ်မှတ်လား.."
YOU ARE READING
Sean's Adorer (Complete)
FanfictionZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Start-20/6/2023 End _5/8/2023