"ဝင်္ကပါ ရဲ့ အလွန်..."
==============
အပိုင်း-၃
======ထမင်းဝိုင်းတွင်...၊
"အဘ..သိလား..အဲဂဏန်း ကျွန်တော်လက်ကို ညှပ်ထားတာ..ဘယ်လိုမှ ခါချမရဘူးဗျ.."
"လက်မ ချိုးလိုက်ရင် လွယ်ပါတယ် လူလေးရယ်.. "
"အဘကလဲ ညှပ်မှာပေါ့..."
အသက်က.. ဦးဘတုတ်နဲ့မိုးစက် ပန်းကန်ဆီကို ဂဏန်းရင်အုံတစ်ခြမ်းစီထည့်ပေးသည်။
"အသက် အသားလေး ထွင်ပေး.."
"ဒီအတိုင်း အသားလေးဆွဲစားလိုက်လေ.."
"မရဘူး အသက်လုပ်ပေးတာကြိုက်တယ်.."
အသက်က ဂဏန်းအသားတွေကို မိုးစက်ကိုင်ထားတဲ့ ထမင်းနဲ့ဇွန်းပေါ်တင်ပေးလိုက်ရင်း....၊
"မိုးစက်နော် အသက်က ရှင့်အမေ မဟုတ်ဘူး.အကုန်လုပ်ပေးနေရအောင်."
"ကိုယ်ကလဲ အမေလို့မထင်ပါဘူး.ဟော..ဂဏန်းကချိုတယ်နော် အဘ.အဲဒါ ကျွန်တော်အသားကိုညှပ်မိသွားလို့ ချိုသွားတာ"
"အင်း.."
ဦးဘတုတ် က ခေါင်းညိတ်ပေမယ့်...၊
"ပေါက်ကရတွေ ဒီက ဂဏန်းတွေအကုန်လုံး ချိုတယ်.."
"ဟုတ်လား မထင်ရဘူးနော်.."
"ဘာကိုလဲ.."
"ဘာမှ မဟုတ်ဘူး ဂုံးတွေက ဘာလုပ်စားမှာလဲ"
"မီးဖုတ်ပြီး သုတ်စားမယ်.."
"အတူတူ ဖုတ်မယ်..နော်. အသက်"
"အင်း"
"အဟမျး ဟမျး... "
"အဘ ထမင်းထပ်ယူလေ"
"အဘ တော်ပြီ.."
ဦးဘတုတ် ထမင်းစားပြီး.ထထွက်သွားခဲ့သည်။
"အဘ..ထမင်းစားပြီးတာ မြန်လှချည်လား..."
"ရှင်က စကားများနေတာကိုး.."
မိုးစက်က ထမင်းဇွန်းကို အသက်ဆီထိုးပေးလိုက်ပြီး အသက်ပုစွန်တစ်ကောင် ဇွန်းပေါ် တင်ပေးလိုက်မှ ပါးစပ်ထဲထည့်လိုက်သည်။
"စားကောင်းတယ် အသက်ချက်သမျှ အရသာရှိလိုက်တာ..."
"အစတုန်းကတော့ ဂျီးများနေပြီးတော့.."