Part -18

1.9K 41 0
                                    

"ဝင်္ကပါရဲ့အလွန် "
============
အပိုင်း-၁၈
=======

နေရောင်ခြည်က..ခပ်နွေးနွေးလေး ဖြာကျနေသည်။အသက် မျက်လုံး အစုံဖွင့်လိုက်သည်နဲ့ ဖြူဖွေးနေသော မျက်နှာကျက်ကို အရင်မြင်ရသည်။

"ဒါ ဘယ်နေရာလဲ.."

အသက် အတွေးနဲ့အတူ..ငေါက်ခနဲ့ထထိုင်သည်။

"နိုးပြီလား "

"ဟုတ်ကဲ့ "

အသံနဲ့ အတူ..ကောင်းက ရေချိုးခန်းကနေ ထွက်လာသည်။ကောင်းက ဆံပင်ကို မွေးပွတဘက်နဲ့သုတ်ရင်း အသက်ကို စိုက်ကြည့်သည်။ အသက်လည်း မရည်ရွယ်ပဲ.ဘောင်းဘီရှည် ဝတ်ထားပေမယ့်.ရေသီးလေးတွေသီးနေတဲ့ ကောင်းရင်ဖက်ကိုကြည့်နေမိသည်။

ယောက်ျားပီသလွန်းတဲ့ ခန္ဓာကိုယ်က..ရေစိုနေတာကြောင့် ပိုမို ကြည့်ကောင်းနေရာ..အသက်မျက်နှာလွှဲဖို့မေ့နေမိသည်။

"အဟွန်း... "

ကောင်း ရယ်လိုက်မှ အသက်မျက်နှာလေးနီသွားရကာ ခြုံထားတဲ့ စောင်ကို ဖယ်ခွာလိုက်သည်။ံ

"အယ်"

အသက် ကိုယ်ဝတ်ထားတဲ့အင်္ကျီကိုကြည့်ပြီး..မျက်လုံး ပြူးသွားရသည်။ အသက်က..ကောင်းရဲ့ရှပ်အင်္ကျီအဖြူကို တစ်ထည်တည်းဝတ်ထားသည်။ခြေထောက်လေးတွေက ဘာမှမရှိဘဲ ဒီအတိုင်း အဖွေးသားမို့ အသက် စောင်ကို ပြန်ဆွဲခြုံလိုက်သည်။

"ကောင်း ရှင်..ရှင် အသက်ကို ဘာလုပ်လိုက်ပြီလဲ.."

"မလုပ်ပါဘူး "

"ဒါဆို အသက်က ဘာလို့ ရှင့်အင်္ကျီဝတ်ထားရတာလဲ.."

"မင်းအင်္ကျီ အကုန်စုတ်ပြဲနေလို့ ကိုယ့်အင်္ကျီပေးထားတာလေ.."

ကောင်းက ဗီရိုကို ဖွင့်လိုက်ပြီး ရှပ်အင်္ကျီတစ်ထည် ထုတ်ယူဖြန့်လိုက်သည်။

"မြင်လား ကိုယ့်ရှပ်အင်္ကျီက မင်းအတွတ်ဆို အရမ်းရှည်တယ်..ဂါဝန် အတိုင်းပဲ "

ကောင်းပြောတာလဲ မှန်သည်မို့ အသက်ငြိမ်သွားရသည်။ဒါပေမယ့်..အသက်မျက်လုံးက ပြူးတထက်ပြူးလာရကာ...၊

"ဒီအင်္ကျီကို ရှင်..ရှင်ဝတ်ပေးတာလား.."

ကောင်းက အင်္ကျီကြယ်သီးတပ်နေရင်းမှ ခေါင်းညိတ်သည်။

" ဝင်္ကပါရဲ့  အလွန် "Where stories live. Discover now