"ဝင်္ကပါ ရဲ့အလွန်"
============
အပိုင်း-၃၁
======="ကောင်းကင် ရိပ်မြုံ "
"တင်းတောင် "
ဒေါ်မြတ်ပုလဲ လူခေါ်ဘဲလ်ကိုနိုပ်လိုက်သည်။
"ဟင် "
ထွက်လာတဲ့ ကလေးကို ကြည့်ပြီး.. ဒေါ်မြတ်ပုလဲ မျက်လုံးပြူးသွားရသည်။
သားပီလေးက..တံခါးဖွင့်ဖို့လာတာမဟုတ်ဘဲ..ခြံထဲဆော့ဖို့ ဆင်းလာခြင်းဖြစ်သည်။သို့သော်..ခြံဝတွင် ရပ်နေတဲ့ ဒေါ်မြတ်ပုလဲ ကို မော့ကြည့်ပြီး.... ၊
"အဘွားက..ဘယ်သူနဲ့ တွေ့ချင်လို့လဲ.."
တစ်ယောက်ယောက်နဲ့တူနေတဲ့ သားပီးလေးကို ဒေါ်မြတ်ပုလဲ ငေးကြည့်နေစဉ်...၊
ခြံစောင့်က..တံခါးလာဖွင့်ပေးသည်။ဒေါ်မြတ်ပုလဲက ခြံထဲဝင်လာရင်း..သားပီလေးကို လိုက်ကြည့်သည်။
"သားလေးက..ဘယ်သူလဲကွယ်.."
"သားလား သားက ဒီအိမ်ကပါ..အဖွားရော.."
"ဘယ်လို ဘယ်လို ဒီအိမ်က ဟုတ်လား.. "
"ဟုတ်ကဲ့.."
ထိုစဉ်... ၊
ကောင်းက..အိမ်ထဲကနေ ထွက်လာသည်။
"အဖွား ရောက်နေတာလား.."
"အင်း သူလေးက ဘယ်သူ.."
ဒေါ်မြတ်ပုလဲ စကားမဆုံးခင်ပင်...သားပီလေးက..ကောင်းဆီပြေးသွားသည်။
"ဒယ်ဒီ "
ကောင်းက သားပီလေးကို ကောက်ချီလိုက်သည်။
"ဘယ်သူနဲ့ တူလဲ သေချာကြည့်ပါဦး.."
"ဟင် "
ရုပ်ချင်းသိသိသာသာတူနေကြတဲ့ ကောင်းနဲ့သားပီလေးကိုကြည့်ပြီး..ဒေါ်မြတ်ပုလဲ စကားတွေတောင် ထစ်ကုန်သည်။
"သူ..သူက..မင်းရဲ့... "
"ဟုတ်တယ် ကျွန်တော့်သားပဲ အဖွား..သားရဲ့ဖွားဖွားကြီး နှုတ်ဆက်လိုက်ပါဦး..သားပီလေးရာ "
"မင်္ဂလာပါ ဖွားဖွားကြီး..သားက..ဒယ်ဒီနဲ့မာမီရဲ့သား..ထက်မြတ်သောပါ..ခင်ဗျာ.. "
ဘယ်လိုမှ ကောင်းရဲ့သားဟုငြင်းမရအောင်တူလွန်းလှတဲ့ သားပီလေးကို ကြည့်ပြီး..ဒေါ်မြတ်ပုလဲ မျက်နှာ တပြင်လုံး ချိုအီသွားရသည်။ချစ်စိတ်လည်း တဖွားဖွား ပေါက်ဖွားလာခဲ့ရသည်။