"ဝင်္ကပါရဲ့အလွန် "
============
အပိုင်း-၂၄
======="ပုလဲနန်းတော်..စံအိမ်"
"လာကြ..ဝင်လာကြ..."
ဒေါ်မြတ်ပုလဲက ကောင်းနဲ့အသက်ကိုကြည့်ပြီး..အိမ်ထဲ ဖိတ်ခေါ်သည်။
"မြေးမက..အသက်ဆိုတာလား ချစ်စရာလေးပဲ..တောသူရုပ်လဲမပေါက်ဘူး"
အသက်..ပြုံးလိုက်ပြီး... ၊
"အဖွားက ပိုချောပါတယ်ရှင့်.."
"ဟင်း...ဟင်း.."
ဒေါ်မြတ်ပုလဲ သဘောကျစွာ ရယ်လိုက်သည်။
ကောင်းနှင့်အသက် တရားသူကြီးနဲ့လက်ထပ်လက်မှတ် ထိုးပြီးတော့..ဒေါ်မြတ်ပုလဲကို..ရှိခိုးကန်တော့လိုက်ကြသည်။
"ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေကွယ်.."
"ပေးတဲ့ဆုနဲ့ပြည့်ရပါစေ အဖွား.."
"အေးပါ အေးပါ.. ထမင်းစားပြီးမှ ပြန်ရမယ်နော်.. "
ကောင်းက အသက်ကိုလှည့်ကြည့်ကာ ခေါင်းညိတ်ပြသည်။
ဒေါ်မြတ်ပုလဲ ပျော်ရွင်စွာ ပြုံးလိုက်ပြီး.."စားကောင်းတဲ့ဟင်းတွေချည်း..အဖွားချက်ခိုင်းထားတယ် လာ..လာ ထမင်းစားရအောင်.."
ထိုစဉ်..... ၊
ကားသံနှင့်အတူ..ဒေါ်မြတ်သုခနဲ့မိုးထက်ဝင့်..အိမ်ထဲကို ဝင်လာကြသည် ။
ဒေါ်မြတ်သုခက..ကောင်းနဲ့တွဲထိုင်နေတဲ့အသက်ကို..တချက်ဝေ့ကြည့်လိုက်ပြီး...၊
"ကောင်းက ဘာကိစ္စရောက်နေတာလဲ.."
ကောင်းက ဒေါ်မြတ်သုခကို..လှည့်မကြည်ပဲ အသက်လက်လေးကိုဆုပ်ကိုင်လိုက်သည်။
"အဖွားဆီလာတာပဲ အမေ့ကို..ပြောပြီးမှ လာစရာလိုလို့လား.."
"ကောင်း.."
ဒေါ်မြတ်သုခ ဒေါသထွက်သွားတော့..မိုးထက်ဝင့် မိခင်ဖြစ်သူလက်ကို..ဆုပ်ကိုင်လိုက်သည်။
"အမေ့သားက အမြဲတမ်း အဲတိုင်းပဲကို..စိတ်ထဲမထားနဲ့"
ထိုစဉ်.. မိုးထက်ဝင့် ကိုင်ထားတဲ့ဖုန်းက မြည်လာသဖြင့်....၊