"ဝင်္ကပါရဲ့အလွန် "
============
အပိုင်း-၁၄
=======သုံးရက်ခန့်ကြာပြီးနောက်.....၊
အသက် အလုပ်မဆင်းသည်မှာ သုံးရက်ရှိပြီဖြစ်သည်။
ဒီနေ့တော့ ဆေးရုံ ကို အသက်ထွက်လာခဲ့သည်။သို့ပေမယ့်...လမ်းထိပ်အရောက်တွင် ကောင်း ကားကို တွေ့လိုက်ရသဖြင့် အသက်မျက်နှာပျက်သွားရသည်။
"ဘယ်လိုရေစက်ကြောင့် မတွေ့ချင်တဲ့မျက်နှာကိုတွေ့နေရတာလဲ.."
အသက်မျက်နှာလေးတင်းပြီး ကားဂိတ်ကို သွားသည်။ကောင်းက အသက်ကိုမြင်တော့ မျက်နှာကပြုံးသွားပြီး အသက်နောက်လိုက်လာသည်။
"အသက်"
"အသက် ကိုယ်ခေါ်နေတယ်ကွာ.."
ဘယ်လိုပဲ ခေါ်ခေါ် အသက်က လှည့်လည်းမကြည့်သလို ထူးလည်းမထူးပါ...၊
ကောင်းက အသက်နှင့် ဘေးချင်းကပ်လိုက်ပြီး...၊
"ဟိုနေ့က ကိစ္စ ကိုယ် တောင်းပန်ပါတယ် "
အသက် ကောင်းကို စူးစူးရဲရဲ ပြန်ကြည့်သည်။
"ဘာကိုတောင်းပန်တာလဲ တောင်းပန်တော့ရော ကျွန်မရဲ့အရှက်သိက္ခာကပြန်မြင့်တက်လာမှာမလို့လား.."
"မဟုတ်ဘူး မင်းသိက္ခာကျရအောင် လူတွေရှေ့မှာ ကိုယ် ဘာလုပ်လို့လဲ "
"လူတွေရှေ့မှ သိက္ခာကျရလား ရှင် ကျွန်မကို တန်ဖိုး မရှိတော့အောင် လုပ်တာလေ.."
"အဲလိုသာဆိုရင် မင်းနောက်ကို ကိုယ် ခုလို လိုက်နေပါမလား.."
"ကျွန်မ မသိဘူး ပြီးတော့ ရှင့်ဆီမှာ ကျွန်မ အလုပ်မလုပ်တော့တာမို့..နောက်ကို မလိုက်လာနဲ့တော့"
"မရဘူး..မင်းက ငါ့ချစ်သူ.."
"သေလိုက်ပါလား ကောင်းကင်အထက် ရှင့်လိုမျိုးတဏှာရူးကို ကျွန်မကချစ်သူတော်စရာလား.."
"တော်လား မတော်လားလို့မေးနေတာမဟုတ်ဘူး..တော်တော်မတော်တော် ငါ့ချစ်သူပဲ.."
"ရှင်ဟာအရူးပဲ.."
အသက် ဘာမှမပြောချင်တော့သလို သက်ပြင်းချလိုက်သည်။ကောင်းလည်း အသက်မျက်နှာနွမ်းနွမ်းကိုကြည့်ပြီး စိတ်မကောင်း ဖြစ်သွားရသည်။