"ဝင်္ကပါ ရဲ့အလွန် "
============
အပိုင်း-၁၂
======="ဝုန်း..အင့်.."
"ဆောရီး နော်... "
မျက်ရည်စမ်းစမ်းနဲ့ သွားနေတဲ့ အသက်တစ်ယောက် လူတစ်ယောက်ကို ဝင်တိုက်မိသည်။
အသက် မျက်ရည်ကို ဖိသုတ်လိုက်ပြီး..လွှင့်ထွက်သွားတဲ့ ပိုက်ဆံအိတ်ကို လိုက်စမ်းသည်။
မျက်ရည်တွေပြည့်နှက်နေတဲ့ မျက်လုံးက ဘယ်ကိုပဲကြည့်ကြည့်..ဝိုးတိုးဝါးတား..၊
"ဟို ခဗျား ရလား.."
"ရပါတယ်.. "
ရပါတယ် ဆိုပြီး..သူကမ်းပေးနေတဲ့ ပိုက်ဆံအိတ်ကို မယူသေးတဲ့ မိန်းကလေးကိုကြည့်ပြီး ညီ စိတ်ဝင်စားသွားရသည်။
ညီ..ပိုက်ဆံအိတ်ကို အသက်လက်ထဲထိုးထည့်လိုက်ပြီး...၊
"စိတ်မရှိဘူးဆိုရင် ကျွန်တော်ကူညီပေးပါရစေ.."
မျက်ရည်တွေကို အသက်..ပိုက်ဆံအိတ်ထဲက လက်ကိုင်ပုဝါလေးထုတ်ပြီး..ပြောင်စင်အောင်သုတ်လိုက်သည်။လမ်းမပေါ်ထိ တက်ငိုတဲ့မိန်းကလေးက..ဒီလိုမျိုး အပြစ်မဲ့တဲ့မျက်နှာလေးဆိုတာ ညီ..လက်ခံလိုက်သည်။
"မလိုပါဘူးရှင့် အသက် ခုနက ဘာမှမမြင်ရလို့ပါ.."
"ဒါပေမယ့် လိုက်ပို့ပါရစေ ဘာလို့မှန်းမသိ ကျွန်တော် တစ်ယောက်တည်း မလွှတ်ရဲလို့..ခု..ဘယ်သွားမလို့လဲ ."
"ဆေးရုံပါ..အဘဆီ အဘကဆေးရုံတင်ထားရလို့"
"အဟွန်းး.. "
ညီ..သဘောပေါက်သွားရသည်။
"သူ့အဖေ ဆေးရုံတင်ထားရလို့ ဒီမိန်းကလေး..ဝမ်းနည်းနေတာပါလား"
"ဒါဆိုရင်တော့ သွားရမယ့်လမ်းက အတူတူပဲ ကိုယ်က..ဆရာဝန်ပါ "
"ဟင်..ဟုတ်ကဲ့ ဒေါက်တာ"
"ကိုယ်နာမည်က..ရေပြင်ညီပါ..ညီမလေး နာမည်သိခွင့်ရှိမလား.."
"အသက်ပါ"
"လူကလဲ ဖြူစင်သလို နာမည်ကလဲ တန်ဖိုးရှိတာပဲ"
"ကျေးဇူးတင်ပါတယ် "
"မင်းအဖေနာမည်က..ဘယ်သူလဲ "
"ဦးဘတုတ်ပါ အခန်း..၁၀၈က.."