Part -6

2.2K 54 1
                                    

"ဝင်္ကပါ ရဲ့အလွန်."
============
အပိုင်း-၆
======

🎵 ချစ်တယ်.. အရမ်းပဲ ချစ်နေပြီ 🎵

"မင်းက အဲသီချင်းဆိုမှာလား ငါ တီးပေးမယ်လေ.."

ကျော်မျိုး ပြောတာကို မိုးစက် ခေါင်းခါလိုက်သည်။

"မဆိုပါဘူး "

"မင်း ခုနက ဆိုနေတော့တီးပေးရမလားလို့ပါ.."

ကျော်မျိုးဆိုတာက ဂီတရူးမို့ သူက ရွာမှာတော့ ဘယ်သီချင်းလာလာ..တီးတတ်သည်။

"ငါက အဲဒါလေးပဲ ပါးစပ်ထဲသဘောတွေ့နေလို့ ချစ်တယ်.. အရမ်းပဲ..ချစ်နေပြီ.."

နိုင်လူက မိုးစက်ကို နောက်ကနေ လည်ပင်း သိုင်းဖက်သည်။

"ပြောစမ်း မိုးစက် မင်း ဘယ်သူ့ကြိုက်နေတာလဲ.."

"ဟာ..အစ်ကိုနိုင်လူကလဲ..."

"လိမ်ဖို့မကြိုးစားနဲ့ကွ..မင်း အပျိုဝိုင်းတွေဖက်ကြည့်ကြည့်နေတာ ငါသိတယ် "

"အဟက်.. "

မိုးစက် ရှက်ရှက်နဲ့ ရယ်တော့ နိုင်လူက သူပြောတာ မှန်သဖြင့် ရင်လေးကော့သွားသည်။

"ပြောစမ်းပါကွ..ကြိုက်တဲ့အပျိုပြောလိုက် ဒီက အစ်ကိုက.အောင်သွယ်ပေးမယ်.."

"တကယ်လား.."

"ဟုတ်ပါတယ်ဆို..မင်း ကြည့်ကြည့်နေတာ ကွမ်းတောင်ကိုင် ပန်းနုကိုမလား..မင်းမြင်တတ်သားပဲ သူက ရွာမှာအချောဆုံးကွ မင်းကိုလဲ တဖက်သတ် ကြိုက်နေတာ.."

"ဟာ..မဟုတ်ပါဘူး ကျွန်တော် ပန်းနုကိုမကြိုက်ဘူး.."

"ဟမ်..ဟုတ်လား..မင်းကြိုက်တာ ဘယ်သူလဲ.. "

"အသက်.. "

"သြော်... ဟာ...အသက်.ဟုတ်လား.မင်းက တစ်အိမ်တည်း နေပြီး ကြိုတ်ကြံနေတာပေါ့ဟုတ်လား.."

"အစ်ကိုနိုင်လူကလဲ အပြစ်ပိုကြီးအောင်ပြောနေပြန်ပြီ..ကျွန်တော်က ဒီအတိုင်း အရမ်းချစ်တာ ကြည့်နေရင်းနဲ့ကို ဗိုက်အလိုလိုပြည့်နေတာမျိုး.."

"ဒါဆို ရှေ့က ငှက်ပျောဖူးသုတ်ကို မစားတော့ဘူးပေါ့.."

ကျော်မျိုး ကပြောပြီး..ပန်းကန်ဆွဲယူသည်။

" ဝင်္ကပါရဲ့  အလွန် "Where stories live. Discover now