"ဝင်္ကပါရဲ့အလွန် "
============
အပိုင်း-၂၈
=======လွန်ခဲ့သော တစ်လခန့်က....၊
"ဝုန်း.... "
ကောင်းရဲ့စားပွဲပေါ်ရှိ ပစ္စည်းတွေက အတုံးအရုန်း ပြိုလဲကုန်သည်။
"ဒုန်း.. ဒုန်း... "
"သုံးနှစ်ရှိသွားပြီ လူတစ်ယောက်ကိုတောင်မရှာနိုင်ကြဘူးလား..."
ကောင်းကို ကြည့်ပြီး အခန်းထဲရှိ လူတွေ တစ်ယောက်မှ မလှုပ်ရဲကြ။
"မင်းတို့တွေ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ..ခုထွက်သွားကြစမ်း.."
တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတဲ့လူတွေကိုကြည့်ပြီး..ကောင်း စိတ်ဓာတ်ကျစွာ..ထိုင်ချလိုက်သည်။
"ဒေါက်.. ဒေါက်.. "
"ဝင်လာခဲ့.. "
ဒူဝံက..ကောင်းကို ခေါင်းညွတ်လိုက်သည်။
"မင်းလဲ ဘာမှ မထူးဘူးလို့လာမပြောနဲ့.."
"မပြောပါဘူး ကျွန်တော်မှာအကြံရှိတယ်.."
"ပြော.. "
"မမလေးကို ကျွန်တော်တို့ တစ်နှစ်နီးပါးခြေရာခံလို့ရတယ်..ပြီးနောက်..အစ,အနပျောက်သွားတာက မရိုးသားဘူး.."
"ဒါကို ကြည့်လိုက် ဥက္ကဋ္ဌ... "
ကောင်း..ဒူဝံ ကမ်းပေးတဲ့ လက်တော့ကို ကြည့်ပြီး.. ပြုံးသွားသည် ။
"ဟင်.. "
အသက်ပုံတော့ မဟုတ်ပေမယ့် အခြားလူတစ်ယောက်ရဲ့ပုံထဲမှာ အသက်ကို ဘေးတစ်စောင်း မြင်နေရသည်။
"ဘယ်မှာလဲ "
"သြစတေးလျမှာပါ.."
ကောင်း ထရပ်လိုက်ပြီး...၊
"ချက်ချင်း စီစဉ်လိုက်.."
"မဟုတ်ဘူး ဥက္ကဋ္ဌ "
"ဟင် ဘာလဲ.."
"ကျွန်တော်တို့ သတင်းရသွားတယ်သာဆိုရင် မမလေးက ထပ်ပျောက်သွားမှာပဲ.."
အသက်သတင်းရလိုက်၊ပျောက်သွားလိုက်ဖြင့် လေးနှစ်ရှိသွားပြီမို့...၊
"ဒီတော့ ငါဘာလုပ်ရမှာလဲ.."
"မမလေးပျောက်သွားတာက ဒေါ်ဟန်နွယ်နဲ့နွယ်တို့နဲ့မကင်းလောက်ဘူး..ဒီတော့... "