"ဝင်္ကပါ ရဲ့ အလွန်.."
=============
အပိုင်း- ၅
======="အဘ..အသက်..ယာခင်း သွားတယ်နော်.."
"အေးအေး.."
ဦးဘတုတ်က တောင်းရက်လုပ်နေရင်းမှ ခေါင်းညိတ်သည်။
"ငါ လိုက်မယ်.."
"မလိုက်နဲ့ အိမ်မှာကျန်ခဲ့.."
"မရဘူး လိုက်မှာပဲ"
မိုးစက်..အသက်နောက်ကိုပြေးလိုက်လာခဲ့သည်။
ယာခင်း...၊
"အသက်.."
မိုးစက် ခေါ်တာကို အသက်က မထူးဘဲ..သခွားသီး ကိုသာ..တစ်ဖက်လှည့်ခူးသည်။မိုးစက်က အသက်မျက်နှာရှေ့ရောက်လာပြီး..၊
"အသက် ငါခေါ်နေတာ ထူးလေဟာ..ဘာလို့ရှောင်ဖယ်ဖယ်လုပ်နေတာလဲ..."
"အသက် ငါစိတ်တိုလာရင် ဖတ်နမ်းမှာနော်.."
"နမ်းရဲနမ်းကြည့်ပါလား ပါးချည်းပိတ်ရိုက်မှာ..."
"မင်း စကားပြောပြီနော်..ပြန်မပြောဘဲမနေကြေး"
"နေမယ်.."
"ဟုတ်တယ် မခေါ်ရင်တောင် အဲလိုမျိုးပြန်ပြော.."
မိုးစက်က ပြောပြီး အသက်လွယ်ထားတဲ့ ပလိုင်းကို ပြောင်းလွယ်သည်။ထို့နောက်..အသက်ခူးသမျှ ပဲသီး၊သခွားသီးတို့ကို..နောက်ကနေ ပလိုင်းလိုက်ခံရင်း...၊
"အသက်"
"ဘာလဲ "
"ငါ့ကို အဖြေပြန်ပေးလေ.."
"မပေးဘူး.."
"ဟာ မရဘူးဘူးလေ..ငါ ကြောက်ကြောက်လန့်လန့်ပြောထားရတာ..."
"ဘာ.အဲဒါကြောက်တဲ့ပုံစံလား.ငါမပြောချင်ဘူးနော် မိုးစက်"
"ကြောက်တယ် လို့တော့ မဟုတ်ဘူးပေါ့ နင်ပြန်မှချစ်ပါ့မလားဆိုပြီး..အရဲစွန့်ပြောရတာ ငါသည်းခံကြည့်သေးတယ်..မရတော့လို့ စိတ်မဆိုးပါနဲ့.နော်ဟာ..."
"မသိဘူး လာပြောမနေနဲ့.."
"နင်က..ငါ့ကို ဘယ်ကမှန်းမသိဘူးဆိုပြီး ပြန်မချစ်တာလား"
"နင်တို့နဲ့ ငါ..နေတာ တစ်နှစ်ပြည့်တော့မယ် .ငါ့စိတ်ကို နင်သိပါတယ် ငါ.ဘယ်လိုလူလဲဆိုတာလဲ ရိပ်မိမှာပေါ့ ပြီးတော့..နင့်ကို တကယ်ချစ်တာပါ.."