"ဝင်္ကပါရဲ့အလွန် "
============
အပိုင်း-၃၅(ဇာတ်သိမ်း)
===============ဦးဘတုတ်က..သူ့ကို ဝိုင်းအုံကြည့်နေကြတဲ့လူတွေကို တအံတသြ တချက်ဝေ့ကြည့်သည်။
အသက်..ဦးဘတုတ်လက်လေးကို ဆုပ်ကိုင်လိုက်ပြီး..၊
"အဘ အသက်ကို မှတ်မိလားဟင် ဟင်လို့ အဘ"
"ဘာလို့မမှတ်မိရမှာလဲ သမီးရယ် သမီးရော ဘာဖြစ်သွားသေးလဲ.."
"ဟင့်အင်း..ဘာမှမဖြစ်ပါဘူး အဘရယ်"
"မိုးစက်ရော "
ထိုစဉ်.. ၊
"အဘ"
ခေါ်သံနှင့်အတူ ကောင်း ရောက်လာသည်။
"ဟေ.."
ဦးဘတုတ်က..ကောင်းကိုမြင်တော့ ငုတ်တုတ်ထထိုင်သည်။
"မိုးစက်..မင်းလဲ ဘာမှမဖြစ်ဘူးပေါ့ ဝမ်းသာတယ်ကွာ.."
ကောင်း..ဦးဘတုတ်စကားကြောင့် အံသြသလို ဖြစ်သွားပေမယ့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ အဘ..ကျွန်တော်ရော အဘပြန်နိုးလာလို့ ဝမ်းသာပါတယ်.."
ထိုစဉ်... ၊
ဒေါ်မြတ်ပုလဲ နှင့် သားပီလေးက အခန်းထဲကို ဝင်လာကြသည်။
"မာမီ "
သားပီလေးက အသက်ဆီပြေးလာပြီး အသက်လက်လေးကိုဆုပ်ကိုင်လိုက်သည်။ဒါကို ဦးဘတုတ်က တအံတသြကြည့်ကာ..၊
"ဒီကလေးက..ဘယ်သူလဲ "
"ဟင်..အဲဒါက "
အသက် ဖြေရခက်သလို စကားထစ်သွားပေမယ့်..၊
"ဘိုးဘိုးကြီးပဲ ဘိုးဘိုးကြီးနိုးလာပြီပေါ့.."
"အေး နိုးလာပြီ.."
"နိုးလာမှပေါ့ မဟုတ်ရင် မာမီနဲ့သား ဆေးရုံကို လာနေရတယ်.."
"ဟမ်..ငါ့သမီးကို မာမီခေါ်နေတော့ မင်းက.."
"ဘိုးဘိုးကြီးကလဲ တုံးတာ မာမီဆိုမှတော့ သားမာမီပေါ့ ဘိုးဘိုးကြီးက သားဘိုးဘိုးလေ..ဒါက သား ဖွားဖွားကြီး.."
သားပီလေးက စကားပြောရင်း ဒေါ်မြတ်ပုလဲလက်ကိုပါဆုပ်ကိုင်ပြီး မိတ်ဆက်သည်။