"ဝင်္ကပါရဲ့အလွန် "
============
အပိုင်း-၃၂
======="ဝင်္ကပါ စံအိမ်.."
"လာလာ..ဖွားဖွားကြီးလက်ကို ကိုင်ထား.."
"ဖွားဖွားကြီး..ဒါက ဘယ်သူအိမ်လဲ အရမ်းလှတာပဲ.. "
"မြေးရဲ့ဒယ်ဒီအိမ်ပေါ့.."
"ဝါးး.. ဒယ်ဒီက..အရမ်းချမ်းသာတာပဲ.."
"ဒါပေါ့.. နောက်ဆို သားပီလေး ပိုင်မှာပေါ့.."
"အဟီး.."
သားပီလေး သဘောကျစွာ ရယ်မောလိုက်ပြီး..ဒေါ်မြတ်ပုလဲ လက်ကို ဖြုတ်လိုက်သည်။
"ဖွားဖွားကြီး သား ဟိုငါးကန် သွားကြည့်ချင်တယ် "
ရေကန်ထဲ ရွှေရောင်ငါးလေးတွေ မွေးထားတာကို သားပီလေးက သဘောအကျကြီး ကျနေသည်။
"သွားကြည့်လေ.."
အိမ်ထဲမှာမို့..ဒေါ်မြတ်ပုလဲ စိတ်ချစွာ လွှတ်လိုက်သည်။
"ဝါး..ဝါး..ရွှေငါးလေး လှလိုက်တာ.."
သားပီလေး ငါးတွေကို ကြည့်ပြီး သဘောကျနေသည်။သို့ပေမယ့်..မလှုပ်မယှက် ငြိမ်သက်နေတဲ့ ရွှေငါးလေးကြောင့်..သားပီလေး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"ဟော..ရွှေငါးလေး..မင်းက ဘာလို့မသွားတာလဲ နေမကောင်းတာလား.."
သားပီလေး ပြောလိုက်ပေမယ့်..ငါးက တုတ်တုတ်မျှမလှုပ်..၊သားပီလေး ခုန်ခုယူပြီး ငါးကို နိုတ်ယူလိုက်သည်။
ထို့နောက် လက်အုပ်လေးလုပ်ပြီး ငါးလေးကို တဖွဖွ မှုတ်လိုက်သည်။"ဥုံဖွ ရွှေငါးလေး..မြန်မြန်နေကောင်းပါစေ..ဖွဖွ"
ထို့စဉ်...၊
"ဟိတ်..ဘယ်က.ကလေးလဲ ငါးတော့ သေတော့မှာပဲ ပေးစမ်း.. "
ဦးမိုးမြင့်..သားပီလေးဆီက ငါးကို လှမ်းယူလိုက်သည်။သို့သော်..သားပီလေးက လက်ရှောင်လိုက်ပြီး...၊
"သားက ငါးလေးသေသွားမှာစိုးလို့ပါ.."
"ဖယ်စမ်းပါ.. ရေကန်ထဲပြန်ထည့်ရမယ်.."
သားပီလေး ပြောတာကို ဂရုမစိုက်ဘဲ ဦးမိုးမြင့် ငါးကိုလုယူလိုက်သည်။ထိုအခါ..အားနဲ့တွန်းသလိုဖြစ်သွားပြီး သားပီလေး ဖင်ထိုင်ရက် လဲကျသွားရသည်။