"ဝင်္ကပါရဲ့အလွန် "
============
အပိုင်း-၂၁
=======ရှယ်ယာရှင်..အစည်းအဝေး... ၊
အစည်းအဝေး ခန်းမထဲကို ရှယ်ယာဝင်လုပ်ငန်းရှင်များ..တဖွဲ့ဖွဲ့ရောက်လာခဲ့သည်။
သူတို့ပိုင်တဲ့နေရာတွင် ထိုင်ကြသည်။
ဥက္ကဋ္ဌ နေရာတွင်..ဦးမိုးမြင့်က ထိုင်လျက်ရှိသည်။"အစည်းအဝေး စပါပြီ"
ကြေငြာလိုက်သည်နှင့်...ညာဖက်ရှိ အဝေးပြေးလိုင်းတွေကိုဦးစီးအုပ်ချုပ်နေတဲ့ ဦးဝေမင်းက .ထရပ်သည်။
"ဥက္ကဌ ဒီနှစ်အတွတ်..ဘာအစီအစဉ်တွေရှိလဲ..."
ဦးမိုးမြင့် ဟန်ပါပါပြုံးလိုက်ပြီး..၊
"ရှော့ပင်းမော့ အသစ်ဆောက်မယ် စဉ်းစားထားတယ်.."
"စဉ်းစားထားတယ်ဆိုတော့ ဘာအစီအစဉ်မှမရှိဘူးလား..ဒါဆိုရင်တော့ ဟိုနှစ်ကဆောက်တဲ့ ရှော့ပင်းမော့လိုပဲ မရူံးရုံတမယ်ပေါ့.."
ဦးဝေမင်းပြောလိုက်တော့..ညာဖက်ခြမ်းကလုပ်ငန်းရှင်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"ရှော့ပင်းမော့မဆောက်ခင်..ဥက္ကဌ ရာထူးကိုပြန်ပြီးတော့ စဉ်းစားစေချင်ပါတယ် "
"ဟုတ်တယ် ဒါအမှန်ပဲ ဥက္ကဌကောင်း ရှိတုန်းကဆို..ကျွန်တော်တို့နောက်ကလိုက်ရုံပဲ..."
"ဒီတော့ ရှယ်ယာရှင် အစည်းအဝေးမဟုတ်ဘဲ..ဥက္ကဌ ရွေးတင်ပွဲလုပ်ကြရအောင်.."
"ဦးဝေမင်းက ကျွန်တော့်ကိုဖြုတ်ချစေချင်လား.."
ဦးမိုးမြင့်စကားကို..ဦးဝေမင်း မငြင်းဆန်ဘဲ..၊
"ဖြုတ်ချချင်တယ်လို့ မသုံးနှုန်းပါနဲ့.စီးပွားရေးကို ရှေ့ပြေးမြင်တဲ့ဥက္ကဋ္ဌပဲ ကျွန်တော်တို့လိုချင်တာ..."
"ဟုတ်တယ် ဟုတ်တယ် "
"ဦးဝေမင်းစကားကို ထောက်ခံပါတယ် "
ဦးမိုးမြင့်မျက်နှာက..မဲမှောင်သွားရသည်။လူအများနှင့်ဆိုတော့..သူ..ဘယ်တတ်နိုင်မည်နည်း။
"ဒီတော့ ဥက္ကဌ ရွေးတင်ပွဲကို..နောက်တစ်လ ဒီအချိန်ကို ရွေ့လိုက်ကြတာပေါ့.."