Part -19

1.8K 38 0
                                    

"ဝင်္ကပါရဲ့အလွန် "
============
အပိုင်း-၁၉
=======

"တင်းတောင်.."

ဘဲလ်ခေါင်းလောင်းသံကြောင့်..နွယ် အိမ်ရှေ့ပြေးလာခဲ့သည်။သို့သော်..မြင်လိုက်ရသူကြောင့်..နွယ် အံသြသွားရသည်။ံ

"ဟင်..ကောင်း ."

ကောင်းက ခေါင်းစွပ်ပါတဲ့ဟူဒီအင်္ကျီကိုဝတ်ထားပြီး နွယ်ကို မှုန်သိုးသိုးစိုက်ကြည့်သည်။

"အိမ်ထဲကို ဝင်ပါဦး..ကောင်း"

"အိုခေ.."

ကောင်း အိမ်ထဲဝင်လာခဲ့ပြီး..ဧည့်ခန်းဆိုဖာတွင် ဝင်ထိုင်လိုက်သည်။

"ဘယ်သူမှမရှိကြဘူးလား.."

"ဟုတ်ပါတယ် ခဏနော် နွယ် အအေးသွားယူလိုက်မယ်"

"နေပါစေ..အသက်ကို ဆက်သွယ်မရလို့ အိမ်လိုက်လာတာ.."

"အော် "

နွယ်က မျက်ခုံးကိုပင့်လိုက်ပြီး..၊

"အသက်က နွယ်တို့အိမ်မှာမနေတော့ဘူး ကောင်း"

"ဟင် သူဘယ်မှာနေတာလဲ"

"မသိဘူး အထုတ်တွေ လာသိမ်းသွားပြီးထွက်သွားတာပဲ. "

"မမေးလိုက်ဘူးလား"

"မေးလိုက်ပါတယ်..ဒါပေမယ့် အသက်က နွယ်ကို အစ်မလို့မသတ်မှတ်ဘူးထင်တယ် ဘာမှ မပြောဘူး ဒါပေမယ့်..လာကြိုတဲ့သူကိုတော့တွေ့လိုက်တယ်"

"ဘယ်သူလဲ "

"ဒေါက်တာ ရေပြင်ညီ"

ကောင်း ချက်ချင်းပင် ထရပ်လိုက်ပြီး...

"သွားခွင့်ပြုပါဦး.. "

"နေ..နေဦးလေ.."

နွယ် စကားမဆုံးမီပင် ကောင်းက..ခြေလှမ်းကြဲကြီးတွေနဲ့ထွက်ခွာသွားပြီဖြစ်သည်။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

ဘား...၊

ကောင်း ချပေးသမျှ အရက်ခွက်တွေကို တစ်ခွက်ပြီးတစ်ခွက်..မော့သောက်နေမိသည်။

"မင်း..ဘယ်ရောက်နေတာလဲ "

နွယ် ပြောလိုက်တော့ ကောင်း ရေပြင်ညီဆီ လိုက်သွားခဲ့သည်။

" ဝင်္ကပါရဲ့  အလွန် "Where stories live. Discover now