" ဝင်္ကပါရဲ့အလွန် "
=============
အပိုင်း-၂၃
=======နေရောင်ခြည်က..ခပ်ပျပျ..ဖြာဆင်းနေသည်။ အသက်..အလင်းရောင်ကြောင့် နိုးသွားရသည်။
"ဘယ်အချိန်ရှိနေပြီလဲ.."
အသက် အတွေးနှင့်အတူ ထထိုင်လိုက်သည်။
"အာ့.. "
အသက် တစ်ကိုယ်လုံး..ကိုက်ခဲနေပြီး..ခန္ဓာကိုယ်ဆိုတာလှုပ်တိုင်းနာသည်။
"နိုးပြီလား "
အသံနှင့်အတူ..ကောင်းက ဆေးလိပ်သောက်ရင်း..အခန်းထဲဝင်လာသည်။ကောင်း ပုံစံက..ခုတော့ အထွေအထူး ဘာမှမပြောင်းလဲပေမယ့်..ညက သရဲစီးသလို..ဖြစ်နေတာ တွေးမိပြီး..အသက်မျက်နှာလေး..နီမြန်းသွားရသည်။
"ထလေ..မနက်စာ စားရအောင်.."
"ဟင့်အင်း.."
ကောင်း မျက်နှာနီနေတဲ့အသက်ကိုကြည့်ပြီး...၊
"ရှက်နေတာလား..လာပါ.."
"အား... "
"ဘာ..ဘာဖြစ်တာလဲ.."
"ဘာဖြစ်ရမှာလဲ အရူးရေ..ရှင့်ကြောင့် ကျွန်မ တစ်ကိုယ်လုံးနာနေတာ.."
"ဟမ်..ကိုယ် ဘာလုပ်လို့လဲ.."
"ဘာ..ဘာလုပ်လို့လဲ ဟုတ်လား ထွက်သွား ."
အသက် ဒေါသထွက်နေတာလေးကိုကြည့်ပြီး..ကောင်း ရယ်သည်။
"ချစ်ဖို့ကောင်းတယ်.."
ကောင်းပြောလည်းပြော..အသက်ကိုယ်လေးကိုဖိပြီး..လှဲချလိုက်သည်။
"ညက ကိုယ် ဆေးမိလာလို့ကြမ်းသွားတယ် ဒီတစ်ခါတော့ ညင်ညင်သာသာလေး လုပ်ပါမယ်"
"ဘာ.. ထပ်..ထပ်ပြီးတော့လား.."
"အင်း..တစ်ခါတည်း.."
"သေပါပြီ"
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
Sky..group... ၊
ကောင်း..ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထိုးထည့်ပြီး..စတိုင်ကျကျ ရုံးခန်းထဲဝင်လာသည်။ဘေးနားတွင်တော့..ဒူဝံက..လက်တော့တစ်လုံးနဲ့တတွတ်တွတ်ပြောလျက်ရှိသည်။
"စကိုင်း..ရှောပင်းစင်တာက..မန်နေဂျာနဲ့.၁၀နာရီကို..တွေ့ဖို့ရှိတယ်..၁၂နာရီကို..အစည်းအဝေးရှိတယ်..ဥက္ကဋ္ဌ "