Uni#
ဒေါက်..ဒေါက်
"Boss အလုပ်ဆင်းချိန်ရောက်နေပြီ"
"အင်း ဟုတ်လား ရှေ့ကစောင့်လိုက် Jack ငါပစ္စည်းတွေသိမ်းပြီးလိုက်လာခဲ့မယ်"
"ဟုတ် boss"
Jkလည်း စားပွဲပေါ်မှာပြားထားတဲ့စာရင်းစာအုပ်တွေကို သေချာစီပြီး ချွတ်ထားတဲ့ကုတ်အကျီကိုဝတ်ကာ ရုံးခန်းထဲကထွက်ခဲ့လိုက်သည်။
"Boss ကျွန်တော် အိတ်ပေး"
"အင်း"
ကားပေါ်ရောက်တော့..
"Boss နေမကောင်းဘူးလား"
"အင်း မနက်ကစာရင်းစာအုပ်စစ်တာများပြီး အာရုံကြောတွေကိုက်နေတာ"
"ဆေးခန်းဝင်မလား"
"မဝင်တော့ပါဘူး အိမ်ရောက်မှဆေးသောက်တာပေါ့"
"ဟုတ် boss နားလိုက်လေ ကျွန်တော်အိမ်ရောက်ရင် နှိုးလိုက်မယ်"
"အေးအေး"
Jkလည်း ကားခုံပေါ်ကို ခေါင်းတင်ပြီး တချက်မှေးနေလိုက်သည်။
တီ..တီ..
ဟွန်းတီးသံကြောင့် ခြံတံခါးလာဖွင့်ပေးပြီး အိမ်ရှေ့အမိုးအောက်ထိ ကားထိုးရပ်လိုက်သည်။
"Boss အိမ်ရောက်ပြီ အပေါ်ထပ်တက်နားလိုက်ပါ တချိုးတည်း"
"အင်း မနေ့ကလိုသံပုရာရည်လေး တစ်ခွက်လာပို့ထားပေး jack"
"ဟုတ် ကျွန်တော်လာပို့ထားလိုက်ပါ့မယ် boss"
Jkလည်းကားပေါ်ကဆင်းပြီး အပေါ်ထပ်သူ့အခန်းစီသို့။
အခန်းထဲရောက်တော့ အဝတ်အစားအမြန်လဲပြီး မျက်နှာတပြင်လုံး ရေစိုတစ်ရှူးနဲ့သုတ်ပြီးသန့်ရှင်းလိုက်သည်။
"အင်း ခေါင်းထဲမူးရိပ်နေတာပဲ"
ခေါင်းအုံးပေါ်ခေါင်းချလိုက်သည်နှင့် လူကအိပ်ဆေးမိနေတဲ့လူတစ်ယောက်၏လို ချက်ချင်းအိပ်ပျော်သွားတော့သည်။
Jackလည်းသံပုရာရည်လာပို့တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ bossကြောင့် ခွက်ကိုဘေးမှာချထားခဲ့ပြီး တံခါးသေချာပိတ်ကာထွက်လာခဲ့လိုက်သည်။
YOU ARE READING
Psycho👿 (Complete)
Fanfictionဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးအတွေး ဝတ္ထုရေးဖစ်တာကြောင့် စာလုံးအမှားများပါခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါသည်။