Uni#
Jk တစ်ယောက် ထယ်အလုပ်လုပ်တဲ့marketအရောက် ဆိုင်ပြင်ထွက်လာတဲ့ ထယ်ကိုတွေ့လိုက်ရသည်။
"Baby"
"အမေ့ လန့်လိုက်တာ အသံမပေးဘာမပေးနဲ့"
"လန့်သွားတာလား ပြွစ်"
"ဘာလို့လာနမ်းတာလဲ လူတွေရှိနေတာကို"
"ရှိတော့ဘာဖြစ်လဲ ကိုယ့်ချစ်သူကိုနမ်းတာပဲ"
"ဘယ်သူကခဗျား ချစ်သူအဖြစ်လက်ခံတယ်လို့ပြောလို့လဲ"
"မချစ်ပဲနဲ့ ဘယ်သူက ခဏခစ အနမ်းခံမှာလဲ"
"ဟာ အဲ့တာခဗျားညစ်ပတ်ပြီး အလစ်လာလာနမ်းတာလေ"
"တိုးတိုးပြောမှာပေါ့ လူတွေရှိတယ်လေ babyရဲ့"
"ဟွန်း ဘာဖြစ်လဲရှိတော့"
"အဲ့ဆို ကိုယ်ကခိုးမနမ်းဘူး ပြောပြီးမှနမ်းမယ်ဆိုရင် လက်ခံမှာလား"
"ဘာလို့လက်ခံရမှာလဲ ခဗျားနဲ့ကျွန်တော်နဲ့ကချစ်သူမှမဟုတ်တာ လက်ခံရအောင်"
"အဲ့တာသိလို့ ခိုးနမ်းတာလေ ကိုယ်ကနမ်းလိုက်ရရင်ပြီးရော ဘယ်လိုနမ်းရနမ်းရ"
"ခဗျားနော် တော်တော်လည်တယ် ဖယ်အခု အလုပ်ချိန်ရှိသေးတယ်"
"ရတယ်လေ အေးဆေးလုပ်ကိုယ်က ရှေ့မှာစောင့်နေမှာ ချစ်တယ်နော် baby"
"ခဗျား အမြဲတမ်းဒီလာနေတာ ခဗျားမှာအလုပ်မရှိဘူးလား အားနေလိုက်တာ"
"အလုပ်လာရှိတယ်လေ ဒါပေမဲ့ မင်းလေးစီကိုမလာခင်ကတည်းက အပြီးလုပ်ခဲ့ပြီးသား"
"ဟက် ကဲဖယ်တော့ရှေ့က ခဗျားပိတ်နေတာကျုပ်ကဘယ်လိုသွားရမှာလဲ"
"အာ ဟုတ်သားပဲ ကဲသွားလို့ရပါပြီ သခင်လေး"
"ဆေးမမှီတော့တာ သေချာနေပြီ"
"ဆေးမမှီတာ မင်းလေးကုပေးရင်ဒီကဒေါင်ဒေါင်မြည်လာမှာ ယောင်းရဲ့"
"လက်ခလယ်ပဲရမယ် အရူးကြီး"
ဆိုင်ထဲမဝင်ခင်လုပ်ပြသွားတဲ့ပုံလေးကြည့်ကာ jkမှာအသည်းယားလို့မဆုံးပေ။
"ချစ်စရာလေး ကိုယ့်အပိုင်လေးက"
Jackတစ်ယောက်ကတော့ ဒေါသထွက်ရင်မော့မကြည့်ရဲတဲ့သူတို့ bossကို လက်ခလယ်ထောင်ပြီးဆဲသွားတဲ့ကောင်လေးကို အံ့ဩလို့မဆုံးပေ။
YOU ARE READING
Psycho👿 (Complete)
Fanficဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးအတွေး ဝတ္ထုရေးဖစ်တာကြောင့် စာလုံးအမှားများပါခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါသည်။