Update ကြာထဲရက်အတော်ကြာ ပျက်သွားလို့ ဖတ်ပေးတဲ့သူတစ်ယောက်စီတိုင်းကို တောင်းပန်ပါတယ်ရှင့်
Uni#
"TAEဒီအလုပ်ကအပြန် ဘယ်ဝင်စရာရှိသေးလဲ"
"ရှိတော့ဘူးအိမ်တန်းပြန်ဖြစ်မယ်"
"အင်း ကိုယ်နဲ့တူတူပြန်မယ်လေ"
"အာ အားနာစရာကြီး jk ကလည်း လမ်းချင်းမတူတာ သက်သက်ကြီးလိုက်ပို့နေရမှာ"
"ဘာမှမဖြစ်ပါဘူး ကိုယ်ကtaeတစ်ယောက်ထဲကိုပဲ ကားပေါ်တင်ပြီးအိမ်တိုင်ရာရောက်လိုက်ပို့တာ ကိုယ်လုပ်ပေးတာကို မငြင်းပါနဲ့နော်"
"ဟုတ်ပါပြီ jkရဲ့အထူးအခွင့်ရေးကြိရထားတော့တယ် ဒီကမိုးပေါ်တောင်ရောက်ချင်နေပြီ"
"မိုးပေါ်မနေပါနဲ့ ကိုယ်ရင်ခွင်ထဲလာနေ မင်းတွက်နွေးထွေးမှုနဲ့လုံခြုံမှုအပြည့်အဝပေးနိုင်တယ်"
"ဟမ် jk ဘာတွေပြောနေတာလဲ အတွေးလွန်နေတာလားဟင်"
"ဟင့်အင် ကိုယ်အတွေးလွန်တာလည်းမဟုတ်ဘူး ကဗျာဆက်နေတာလဲမဟုတ်ဘူး ကိုယ်ရင်ထဲကထွက်ကျလာတဲ့အချစ်တွေ"
Jkတို့စကားတွေနဲ့ခြွေနေပါပြီ စတင်ပြီ။
"အခု Tae ကို jkကရည်းစားစကားပြောနေတာပေါ့နော်"
"ကိုယ်ဒီလောက်ပြောနေတာကို မင်စလေးနားမလည်ဘူးလား ထယ်"
"ထယ် နားလည်ပါတယ် ဒါပေမဲ့ ထယ်တစ်ခါတည်းအဖြေပေးပါ့မယ် ထယ် jkကိုလက်မခံနိုင်ပါဘူး အခုကားရပ်ပေးပါ ထယ်ဘာသာပြန်တော့မယ်"
"ဘာလို့လဲ ကိုယ့်ကိုလက်မခံနိုင်ရတဲ့အကြောင်းရင်းကိုရော သိခွင့်ရှိမလား"
"အဲ့တွက်အကြောင်းပြချက် ထယ်မှာမရှိဘူး ထယ်ဘက်ကလက်မခံနိုင်တာကိုပဲ သိထားပေးပါ"
အဲ့လိုပြောပြီး ကားရပ်ပေးသည်နှင့် ကားပေါ်ကဆင်းသွားကာ လွယ်အိတ်လေးကိုကိုင်ရင်း လမ်းလျှောက်ပြန်သွားတဲ့ထယ်။
"ကားပေါ်ကနေ ကျောပြင်ငယ်လေးပျောက်သွားသည်ထိ တွေဝေစွာငေးနေမိသည်"
တစ်ယောက်သောသူလေးကတော့ နောက်တောင်လှည့်မကြည့်ပဲ ရှေ့ကိုသာတရွေ့ရွေ့သွားရင်းအမှောင်ထဲမှာ ပျောက်ကွယ်သွားတော့သည်။
YOU ARE READING
Psycho👿 (Complete)
Фанфікиဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးအတွေး ဝတ္ထုရေးဖစ်တာကြောင့် စာလုံးအမှားများပါခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါသည်။