Dawn - 4

460 33 27
                                    

Unicode

Dawn - 4

လေးလံနေသော မျက်ခွံတို့ကို တွန်းကန်ဖွင့်မိတာနဲ့ လက်က အလိုလိုလှမ်းမိတာက ကျွန်တော့်ရဲ့ ဗိုက်ကလေးရှိရာကိုပါ။ ကားပေါ်မှာ မခံမရပ်နိုင်အောင် ဗိုက်အောင့်နေခဲ့တာ ကို့အသံကို ကြားနေခဲ့တာ အဲ့နောက်ပိုင်း ကျွန်တော်ဘာဆိုဘာမှ မသိတော့ဘူးလေ။

"သားလေး ပါး ကလေးလေး သတိရလာပြီလားဟင်"

နွေးထွေးနေတဲ့ ပါး ရဲ့ရင်ခွင်ရယ် သိပ်လိုချင်ခဲ့တဲ့ ပင်လယ်ရနံ့ သင်းသင်းကလေးရယ်က ကျွန်တော့်နားရှိနေတော့ ဘာလို့မှန်းမသိ ငိုချင်လာမိတော့တာပါ။

"သားလေး ဘာလို့လဲ မငိုပါနဲ့ ကလေးလေးရယ်"

"Po နာလို့လားဟင် ကို ရှိတယ်နော်"

ပါးနဲ့ ကိုက ‌ကျွန်တော့်ဘေးရှိနေကြပေမဲ့ အနံ့ပဲရပြီး အသံတိတ်နေတဲ့ Daddyက အသက်ရောရှိသေးရဲ့လားမသိ။

"သား ပျော်လို့ပါ ...Po ဘာမှမဖြစ်တော့ဘူး ကို...အကိုခင်ရော သားကို စကားပြောဖို့ စိတ်ကူးမရှိဘူးလားဟင်"

"ခင်ဗျား လာလေ ကလေးက မေးနေတာကို ဘာလို့ အဝေးကြီးမှာ မတ်တပ်ရပ်နေတာလဲ"

ပါးက အော်လိုက်မှ လက်ကလေးနှစ်ဖက်နောက်ပစ်လို့ အနားရောက်လာတဲ့ အကိုခင်က ချစ်စရာကြီးပဲ။

"သား လိုအပ်တာအကုန် Daddyကို ပြောနော် Daddy လုပ်ပေးမယ်"

"အခု ဘယ်အချိန်ရှိပြီလဲ"

"အာ...ည ၁နာရီရှိပြီ Poရဲ့"

"ဒါဆို အကိုခင်က ပါးကိုခေါ်ပြီး အိမ်ပြန်နားတော့နော်"

"ဟင့်အင်း သားနဲ့အတူ အိပ်ချင်တာ"

"မရပါဘူး ပါးက အလုပ်ရှိသေးတယ် ပင်ပန်းမှာပေါ့ အကိုခင် ပါးကို ခေါ်သွားတော့"

ပါး အကြောင်းသိနေလို့ အိမ်ပြန်နားခိုင်းနေရတာပါ။ ပါးက ကျွန်တော်နဲ့ ပတ်သက်လာရင် စိတ်က ထိလွယ်ရှလွယ် ခံစားလွယ်ပြီး အဲ့လိုဖြစ်နေရင် Daddy က အနားမှာရှိနေမှ သူနေရထိုင်ရတာ အဆင်ပြေတာပါ။

"လာပါ ပြန်ကြရအောင် မနက်စောစောထလာခဲ့မယ်လေ မင်းလည်း ပင်ပန်းနေပြီကို"

DawnWhere stories live. Discover now