Unicode
Dawn - 16
ညလေအေးတို့ အခန်းထဲ တိုးဝင်လာတာကို စိမ်ပြေနပြေခံယူရင်း ကော်ဖီခွက်ကိုင်လို့ သူ့စာကြည့်စားပွဲမှာ အလုပ်လုပ်နေတဲ့လူကို ငေးကြည့်ရတာက ပြည့်စုံနေတဲ့ ဘဝတစ်ခုပေါ့။ ဒီလိုပြီးပြည့်စုံတဲ့ ယောကျာ်းနဲ့ ထူးထူးဆန်းဆန်းရေစက်ပါခဲ့ရ ကလေးတစ်ယောက်ရခဲ့ရပြီး ခုလိုအရွယ်မှ အပြန်အလှန်ချစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့မိကြတာက ဆန်းကြယ်မှုပဲလေ။ တစ်သက်လုံး ရန်ဘက်တွေဖြစ်နေကြမယ်လို့ ထင်ခဲ့ရပြီး မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ရသမျှက အခု တက်တက်စင်အောင်လွဲနေခဲ့ပြီ မဟုတ်လား။
"ပါပါး သား cake စားချင်တယ်"
အခန်းထဲကို သူစားချင်တာပါးစပ်ကအော်ပြီး ဝင်လာတဲ့ မီးပုံးပျံလေးက လုံးလို့။ သူ့ခေါင်းပေါ်က အပင်ပေါက်ကလေးလို ထောင်နေတဲ့ ဆံစလေးတွေကအစ အမြတ်တနိုးကို ချစ်စရာကောင်းနေတာပါ။
"ယူစားလေ သားရဲ့ ပါး ရေခဲသေတ္တာထဲ သိမ်းပေးထားတယ်လေ"
"ဟင့်အင်း ပါး ခွံ့ကျွေးတာပဲ စားချင်တာ"
"ပါးတို့ကို အလုပ်သက်သက်လာရှုပ်နေတာ ပါးရေ အဲ့ကောင်လေးက လူဆိုး"
"ကိုကိုနော် Po ကို အဲ့လို မပြောပါနဲ့ Poက ပါပါးကို ချစ်လို့ဟာကို"
ခုရက်ထဲ သားက အစားကို အရင်ကထက်ပိုစားလာသလို ခဏခဏလည်း ဗိုက်ကဆာတတ်လာတယ်လေ။ ကျန်းမာနေလို့ စိတ်မပူရပေမဲ့ သူစားချင်ရင် တားမရဆီးမရနဲ့ ဂျီကျတတ်တာမို့ နည်းနည်းတော့ စိုးရိမ်မိပါတယ်။
"Kinn ညလယ်စာလေး ငါတို့နဲ့ လိုက်စားမလား"
" ကောင်းသားပဲ ကော်ဖီလေးတစ်ခွက်လောက်သောက်ချင်တယ်"
သူလည်း အလုပ်တွေအပြီးသတ် ကိုယ်တွေလည်း မုန့်စားဖို့ခေါ်တာနဲ့ အတော်ပဲ ဖြစ်သွားပုံရပါတယ်။သားအဖတွေ မီးဖိုချောင်ထဲဝင်ပြီး ကော်ဖီဖျော်သူကဖျော် မုန့်ယူသူက ယူနဲ့ ခြံထဲက ခုံကလေးမှာ ထိုင်စားဖို့ ထွက်လာခဲ့ကြသည်။ညလေအေးရယ် ကောင်းကင်က ကြယ်တွေရယ်ကို ငေးရင်း ကော်ဖီသောက် မုန့်စားရတဲ့ အရသာက အတော့်ကို အေးချမ်းတာပါ။