Unicode
Dawn - 17
ခုထိနိုးမလာသေးတဲ့ သားကို ကြည့်ရင်း လောကကြီးက မှောင်မိုက်နေတယ်လို့ ခံစားနေရသည်။မှန်ချပ်ကနေ ဖောက်ထွင်းဝင်လာတဲ့ နေရောင်နွေးနွေးအောက်မှာ ကိုယ်ဝန်ဆောင် အိုမီဂါလေးတစ်ယောက်က နှစ်ခြိုက်စွာ အိပ်ပျော်နေသေးတယ်ဆိုပေမဲ့ ကိုယ်အနည်းငယ်နွေးနေသေးသည်မို့ စိတ်ပူနေရသေးသည်လေ။ ကြည့်နေတုန်းမှာ ဆတ်ခနဲ လှုပ်လာတဲ့လက်ကလေးနဲ့အတူ မျက်ဝန်းလေးတွေ ပွင့်လာတော့ ကျွန်တော့်ရင်ထဲက မွန်းကြပ်မှုတွေ ချက်ချင်းလျော့ကျသွားရသလိုပါပဲ။
"သားလေး နိုးပြီလား"
"ပါပါး သား ကြောက်တယ်"
သူ့ကိုဝိုင်းကြည့်နေကြတဲ့ လူတွေကို သေချာလိုက်ကြည့်ပြီး သူ့ဗိုက်ကို ကိုင်လို့ ပြောလာတဲ့စကားကြောင့် ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်။ အိပ်မက်ဆိုးကြောင့် သတိမလစ်ခင်က ပြောမိပြောရာပြောလိုက်တာပဲလို့ ထင်ခဲ့မိပေမဲ့ အခု သားကိုကြည့်ရတာ သာမန်နဲ့မတူတာမို့ သေချာလေးတော့ မေးကြည့်ရပါဦးမယ်။ မမြင်ရသေးတဲ့ကလေးကို သိပ်ချစ်ခဲ့တဲ့ကလေးက အခု ဒီစကားပြောချိန်မှာ သိပ်ကို အေးစပ်လွန်းနေသလိုပဲ။
"ဘာလို့ကြောက်တာလဲ သားရဲ့"
"သား မလိုချင်တော့ဘူး သား ဗိုက်ထဲက ကလေးက ကောင်းတဲ့ကလေးမဟုတ်"
"Po...."
"သား"
Kinn နဲ့ သားကြီးရဲ့ အလန့်တကြားခေါ်သံတွေက ပြိုင်တူထွက်ပေါ်လာပေမဲ့ ကျွန်တော်ကတော့ ထိတ်လန့်ရတာထက်ပိုပါတယ်။ ကျွန်တော့်ဗိုက်ထဲက မွေးထုတ်ထားရတဲ့ ဒီကလေးက သူ့ဗိုက်ထဲက ကလေးကို ခုလို လက်လွတ်စပယ်ပြောထွက်ရက်တဲ့ ကလေးမျိုးလားဆိုတဲ့ အသိက ကျွန်တော့်ကို ဆွံ့အသွားစေသည်လေ။
"အိပ်မက်က ဘာမက်လို့ ခုလိုစကားထိ ပြောထွက်ရတာလဲ သားရယ် ချယ်ရီသီးလေးသိရင် စိတ်မကောင်းဖြစ်သွားပါဦးမယ်"
Kinn ကပြောတော့ သားကြီးမှာ မျက်ရည်တွေပါ ကျလို့။ ဖခင်တစ်ယောက်အနေနဲ့ သူ့သွေးသားရင်းချာကို လွယ်ပေးထားတဲ့ ချစ်ရသူဆီက ခုလိုစကားမျိုး ကြားရတာ စိတ်ထိခိုက်သွားမှာပဲလေ။ကျွန်တော်လည်း ထပ်ပြီး တိတ်ဆိတ်မနေနိုင်တော့ပါဘူး။