Dawn- 6

300 35 31
                                    

Unicode

Dawn -6

ရီဝေဝေနဲ့ နိုးလာတော့ လူတကိုယ်လုံးက စေးကပ်ပြီး အသက်ရှူတွေပါကြပ်နေသည်။ စေးကပ်နေတာက ဝိုင်တွေလောင်းချခံထားရလို့ဖြစ်ပြီး အသက်ရှူကြပ်တာကတော့ ဟို Kinnဆိုတဲ့အကောင် လူကို သူ့ဖက်လုံးနဲ့ မှားပြီး ခွထားတာခံရလို့ပါ။

"ဒီ အညစ်အပတ်ကောင်ကတော့လား ငါ့ ပုရွက်ဆိတ်တက်မကိုက်လို့ တော်သေးတာပေါ့ ကျစ်"

ညက အနမ်းခံနေရရင်း အိပ်ပျော်သွားပေမဲ့ အလိုက်တသိနဲ့ သူလုပ်ထားတာတွေ နည်းနည်းပါးပါး ပြန်သန့်ရှင်းပေးပါတော့တဲ့လား။အခုကျ ကိုယ်ကဖင်တုံးလုံး သူကျ ဝတ်စုံပြည့်နဲ့ မကျေမနပ်နဲ့ ဘောင်းဘီဆွဲချွတ်ပြန်ရင်လည်း ငါက အတော်ဖြစ်နေတာလို့ စွပ်စွဲခံရဦးမယ်။ စိတ်ကိုလျှော့ပြီး ဖက်ခွထားတဲ့ကောင်ကို အတင်းတွန်းဖယ်လို့ ဘောင်းဘီလေးပြန်ကောက်ဝတ်ပြီး ကိုယ့်အခန်းကိုယ်ပြန်ဖို့ရာ အရပ်လေးမျက်နှာကို ချောင်းရတာလည်း မိုးမလင်းခင် ချွေးတောင်ပြန်တယ်ဗျာ။

ကိုယ့်အခန်းထဲပြန်ရောက်မှ ချမ်းချမ်းစီးစီးနဲ့ ရေကမန်းကတန်းချိုးပြီး အနွေးထည်ပါဝတ်ထားလိုက်ရသည်။ နှစ်ယောက်တည်းက ကိစ္စမရှိပေမဲ့ သားနဲ့သမက်ကအိမ်မှာရှိနေပြီဆိုတော့ ကိုယ့် ခန္ဓာပေါ်က အမှတ်အသားတွေမြင်သွားရင် မကောင်းဘူးလေ။ဟိုခွေးစိတ်ပေါက်နေတဲ့ကောင်ကလည်း ကိုက်လိုက်တာမှ လူကို အရိုးတုံးများ မှတ်နေလားမသိဘူး။သူ့စိတ်တိုတိုနဲ့ တွေးရတာ ကိုယ်လည်း လူဘဝကနေ အရိုးတုံးဖြစ်ရပြီ။ သူများမကောင်းတာတွေးမိရင် ကိုယ်လည်း မကောင်းတာဖြစ်ရတာပဲ။ စိတ်လျှော့စမ်း Porsche မင်း အသက်မငယ်တော့ဘူး။

ကုတင်ပေါ်မှာ စိတ်ကြည်သွားအောင် တရားထိုင်ရင်း မလွန်ဆန်နိုင်တဲ့ သဘောတရားတွေကို ဆင်ခြင်သုံးသပ်မိတဲ့အခါ လှဲအိပ်လိုက်ရတာပါပဲ။ မျက်ခွံကို လွန်ဆန်ဖို့က ခက်တယ်မဟုတ်လားဗျာ။

🌿😺💚💛

မနက်အိပ်ရာနိုးတည်းက တကျီကျီတကျာကျာနဲ့ အိမ်ထိန်းကြီး Wen လုပ်ပေးထားတဲ့ သစ်သားငှက်အိမ်ကို သစ်ပင်ပေါ်ချိတ်ချင်နေတဲ့ ချယ်ရီဗုံးလေးကို ကြည့်ရင်း အသည်းတွေယားနေရတာပါ။သူ့အလိုကျလုပ်ပေးချင်ပေမဲ့ ဒီမနက် ပါပါးက သူ့အခန်းထဲကထွက်မလာသေးတာမို့ မနက်စာစားဖို့ကိုကျွန်တော်လုပ်ပေးနေရတာပါ။ ကိုယ်က လုပ်ပေးရတာ အပန်းမကြီးပေမဲ့ ဘေးက ကလေးက အီနေတော့ စွန်းဝူခုန်းလိုသာ ကိုယ်ပွားတွေ ခွဲထားလိုက်ချင်ပါတော့တယ်။

DawnWhere stories live. Discover now