Dawn- 26
"အိမ်ရှင်တို့"
"ဖိုးရီးးးး"
ခြံထဲမှာ သတင်းစာထိုင်ဖတ်ရင်း လမ်းထိပ်မှာ မုန့်သွားဝယ်မယ်ဆိုပြီး ထွက်သွားကြတဲ့ ကလေးနှစ်ယောက်ကို ထိုင်စောင့်နေတုန်း ခြံတံခါးအပြင်ကနေ အိမ်ရှင်တို့ဆိုတဲ့အသံရော မြေးလေးရဲ့အော်သံပါကြားတော့ လက်ထဲကသတင်းစားပစ်ချပြီး ခြံဝဆီ ပြေးမိတော့သည်။ကလေးတွေ ဘာများဖြစ်လာကြပါလိမ့်။ တံခါးပေါက်ဖွင့်လိုက်တော့ ရုတ်တရက်ကျွန်တော့်မှာ ဆွံ့အကြောင်တက်ပြီး ဘာမှမပြောနိုင်တော့ပါဘူး။
သားငယ်က သားကြီးရဲ့လက်ထဲမှာ အင်း...သားကြီးနဲ့ တပုံစံတည်းတူတဲ့လူလို့ပဲ ခုချိန်မှာပြောရမလား သားကြီးပဲလား မသိတော့ဘူးဗျာ။ သူ့လက်ထဲမှာ သားငယ်ကို ပွေ့ချီထားပြီး မြေးလေးကိုတော့ သူ့ဘေးကလူက ချီထားတယ်လေ။
"ဖိုးရီး ပါပါး နေတောင်းပြန်ဘူး"
"ဟိုလေ ကောင်လေးက ဆိုင်ထဲမှာ သတိလစ်သွားလို့ ကျွန်တော်ခေါ်လာပေးတာပါဗျ"
သူတို့အသံတွေထပ်ကြားရမှ လူကအသိဝင်ပြီး တံခါးဝမှာ ပိတ်ရပ်နေရာကနေ ဖယ်ပေးလိုက်ရသည်။
"ဝင် နော် အဲ အားနာစရာ သားကို ဦးကိုပေးပါ"
"ရပါတယ်ဗျ ကျွန်တော် အခန်းထဲထိပို့ပေးပါ့မယ်"
"ဒါဆိုလည်း ကျေးဇူးပါ မြေး လာ"
စိုးရိမ်နေတဲ့ မျက်နှာနဲ့ သားကို ကျွန်တော့်လက်ထဲထည့်ပေးဖို့ ငြင်းဆန်နေတဲ့ကောင်လေးက တကယ့်သားကြီးပဲလို့ ခံစားလိုက်ရတော့ မျက်ရည်မဝဲအောင် မနည်းကိုထိန်းထားလိုက်ရသည်။မြေးကို ချီပြီး ရှေ့ကနေလမ်းပြဖို့ ကြံရုံရှိသေး သူ့ဟာသူအိမ်ထဲဝင်ပြေးသွားတာ မီပင် မမီလိုက်။ အထဲရောက်တော့ အံ့အားသင့်စရာက သား ကိုယ်ဝန်ကြီးနဲ့ အူအတက်ပေါက်လို့ ခွဲပြီးခါစ အိမ်လာနေတုန်းက အောက်ထပ်မှာနေခဲ့တဲ့အခန်းထဲ တန်းနေအောင်ဝင်သွားတာကို တွေ့လိုက်ရတာပါပဲ။ ကျွန်တော်တင်မက Kinnကပါ အပေါ်ထပ်လှေကားထစ်ပေါ်ကနေ ဆင်းလာရင်း ကြောင်ပြီး ကြည့်နေတာပါ။
သူတို့အခန်းထဲရောက်သွားတော့ Kinn ကို လှမ်းခေါ်ပြီး အခန်းထဲဝင်ဖို့ မျက်ရိပ်ပြမှ သူကလည်း အပြေးဆင်းလာတော့တာပါ။အခန်းထဲမှာရှိနေတဲ့ အရာတွေကို မြင်သွားရင် တခုခုများဖြစ်နိုင်လေမလားဆိုတဲ့စိတ်နဲ့ ကျွန်တော်လည်း ရင်တွေတုန်နေပါပြီ။အခန်းထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ သားငယ်ကို ကုတင်ပေါ်တင်ပေးထားပြီး။သူ့မျက်လုံးတွေကတော့ ကုတင်ဘေးက စားပွဲပေါ်တင်ထားတဲ့ ဓာတ်ပုံဆီမှာပါ။ သားနဲ့သူ့ရဲ့ Wedding photoလေးကိုကြည့်ပြီး သူအံ့ဩနေသလို သူ့ဘာသူ တစ်ခုခုကို သဘောပေါက်သွားပုံလည်းရတဲ့ အနေအထားကြောင့် ဘာပြောလို့ပြောရမှန်းတောင် မသိတော့ပါဘူး။သူ့ဘာသူ တစ်ခုခုကို သဘောပေါက်သွားပုံလည်းရတဲ့ အနေအထားကြောင့် ဘာပြောလို့ပြောရမှန်းတောင် မသိတော့ပါဘူး။