Dawn - 33

166 19 19
                                    

Dawn - 33

ညစာ စားချိန်မတိုင်ခင်မှာ Neo ကို အကုန်စီစဉ်ခိုင်းထားခဲ့ပြီး တစ်အိမ်လုံး ကိုယ့်အကြံအစည်အောက်ကျရောက်လာမဲ့အချိန်ကို မျှော်ရတာကပဲ ရင် တမမနဲ့ပါ။ ဒီည တစ်အိမ်လုံးစားမဲ့ထဲမှာ အိပ်ဆေးခပ်ပြီး ကျွန်တော်ကတော့ နောက်ကျမှစားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်လွှဲနေခဲ့တာပါ။ အခု အရာအားလုံးက နေသားတကျ အဆင်ပြေပြေနဲ့ပါပဲ။ အိမ်ရှိလူကုန် Neo နဲ့ သူ့လက်အောက်က ယုံကြည်ရသူကိုယ်ရံတော်အချို့ကလွဲလို့ ကျန်တဲ့လူအကုန် အိပ်ပျော်နေကြပြီလေ။

"မင်း စာကို သေချာပေးခဲ့ရဲ့လား Neo ...."

"ပေးခဲ့ပါတယ် Mr.Kinn က ယူထားလိုက်ပြီး ဘာမှမပြောလိုက်ပါဘူး"

"အခု ငါ သူ့အိမ်ထဲ သွားတွေ့ပြီး မေးရင် ရလောက်မလား သိပ်အချိန်နောက်မကျသေးဘူးဆိုတော့လေ"

"သွားကြည့်ကြတာပေါ့"

Neo နဲ့ အိမ်ရှေ့အိမ်ဆီထွက်လာချိန် သူတို့ခြံရှေ့တည့်တည့်ရောက်တော့ ကားတစ်စီးကထွက်လာတာတွေ့လိုက်ရပြီး တံခါးပွင့်လာတော့ Po ရဲ့ Daddy ကို တွေ့လိုက်ရပြီး သူက စကားတစ်လုံးကိုပဲ အေးတိအေးစက်ပြောလာပါတယ်။

"တက်"

သူက တက်ဆိုတာနဲ့ မဆိုင်းမတွ ကားပေါ်လှမ်းတက်တော့ Neo က လက်လှမ်းဆွဲထားသည်။ ဟိုနေ့ညက သူဘာမှမမှတ်မိပေမဲ့ ကျွန်တော်ပြောပြထားတာတွေကြောင့် သူသိထားတာတွေရှိတော့ စိုးရိမ်နေပုံရပါတယ်။

"ငါ အဆင်ပြေမှာပါ စိတ်မပူနဲ့ ကိစ္စပြီးတာနဲ့ ပြန်လာခဲ့မယ် အိမ်ထဲကလူတွေကိုသာ တစ်ချက်စောင့်ရှောက်ထားလိုက်ပါ ဒါ အမိန့်ပဲ Neo"

"ဟုတ်ကဲ့ပါ မင်းသား"

ကားထွက်လာစကနေ အတန်ကြာထိ အသက်ရှူသံကလွဲ ဘာမှမကြားရတော့ လူကနေရခက်ပြီး စကားစဖို့ပြင်လိုက်စဉ်မှာပဲ သူ့ဘက်က အရင်ပြောလာပါပြီ။

"မင်း ဘာမဆို ရင်ဆိုင်ရဲလား"

"ဘာကို ရင်ဆိုင်"

"ဘာပဲဖြစ်ဖြစ်ပေါ့ ရင်ဆိုင်ရဲလား"

"ကျွန်တော် သိချင်တာ သိရဖို့ဆို ရင်ဆိုင်ရဲပါတယ် ကျွန်တော်က ဦးတို့မိသားစုနဲ့ တစ်ခုခုပတ်သက်နေတာလားဆိုတာ သိချင်တာပါ"

DawnWhere stories live. Discover now