Dawn - 13

278 30 34
                                    

Unicode

Dawn - 13

တနေကုန် အိပ်ရာထဲမှာ မှိုင်တွေနေမိရင်း ကျွန်တော်ဘာလုပ်လိုက်မိလဲဆိုတာကို အထပ်ထပ်အပြန်ပြန်စဉ်းစားပေမဲ့ လိုချင်တဲ့ အဖြေမရပါဘူး။ စိတ်မြန်လက်မြန်နဲ့ သဝန်တိုရင် လုပ်ချင်တာလုပ်ပစ်လိုက်တာက စတွဲတည်းက အကျင့်ပေမဲ့ ကျွန်တော်ခုလိုမျိုး ကို့အသားကို သွေးထွက်သံယိုဖြစ်အောင် တခါမှ မလုပ်ခဲ့ဖူးဘူးလေ။ အခုက ကျွန်တော့်ဟာကျွန်တော်တောင်တွေးပြီး ပြန်လန့်နေမိတဲ့အဖြစ်မို့ ရင်ထဲနေရတာ မွန်းကြပ်နေသလိုထိ ခံစားနေရတာပါ။

"Po ဘာတွေတွေးနေတာလဲ"

"Po ဘာဖြစ်နေတာလဲလို့ တွေးနေတာ Po ဘာဖြစ်နေမှန်းလဲ မသိဘူး ပါးလည်း Poကို စိတ်ဆိုးနေတုန်းပဲမှတ်လား ပါးက စိတ်ဆိုးခဲတယ် ဒါပေမဲ့ သူစိတ်ဆိုးရင်လည်း အကြာကြီးပဲ"

"Po ရယ် ပါးက စိတ်မဆိုးလောက်တော့ပါဘူးကွာ အိပ်တော့နော် Poကြည့်ရတာ အားအရမ်းနည်းနေသလိုပဲ ထမင်းလည်း အပြင်ထွက်မစားလို့ Daddy ကလည်း မေးနေတာ နေကောင်းရဲ့လားတဲ့ သိလား"

ဒီည ညစာကို ထမင်းမစားဘဲ အခန်းအောင်းနေမိတာမို့ ကိုက သစ်သီးမျိုးစုံခွဲပြီးကျွေးတယ်လေ။ အဲ့ဒါလည်း နည်းနည်းပဲစားနိုင်တာပါ။ ကျွန်တော့်ရင်ထဲက အဖြေရှာမရတဲ့ ခံစားချက်က ကျွန်တော့်ကို ကျွန်တော်မဟုတ်တဲ့လူလိုပဲ ပျော့ညံ့အားနည်းစေပါတယ်။

"Po အိပ်တော့မယ် ကို"

"အင်း ကို ဖက်ထားမယ်နော်"

ကို့ ရင်ခွင်ထဲတိုးရင်း မျက်လုံးတွေမှိတ်ထားတော့ ကိုက ဗိုက်ကိုပွတ်ပေးရင်း သူ့သမီးကို တွတ်တီးတွတ်တာစကားတွေပြောနေပြန်သည်။ အရင်လိုဆို သူအဲ့လိုတွေပြောနေရင် အမြဲ စ နောက်နေကျဆိုပေမဲ့ ဒီတခါတော့ မစနိုင်တော့ပါဘူး။ မျက်လုံးမှိတ်ထားရင်း ကျွန်တော့်ခန္ဓာကိုယ်က လေထဲလွင့်နေသလိုခံစားနေရတာမို့ မျက်လုံးဖွင့်ဖို့ ကြိုးစားပေမဲ့ ဖွင့်မရတော့ပါဘူး။ နောက်တော့ ကျွန်တော် အိပ်ပျော်သွားတယ်ထင်တာပါပဲ။အခု ကျွန်တော် ထူးဆန်းတဲ့နေရာတစ်ခုကို ရောက်နေပြီလေ။

DawnWhere stories live. Discover now