Unicode
Dawn - 10
သာယာတဲ့ မနက်ခင်းတစ်ခု...
King စံအိမ်တော်ကြီးရဲ့ ထမင်းစားခန်းမှာ လူလေးယောက်ဟာ စားရင်းသောက်ရင်း စကားပြောနေကြသည်။"ဆေးရုံမှာ အလုပ်ရှိလို့ သွားရမှာ အိမ်မှာကျန်ခဲ့တဲ့ မင်းတို့သားအဖဆီက ဘာသံမှမကြားချင်ဘူးနော်"
"အီးပေါက်လို့ရော ရလား"
သားတော်မောင်ရဲ့ အမေးစကားကြောင့် ဣန္ဒြေရစွာနဲ့ ကော်ဖီသောက်နေတဲ့ Alpha ကြီးမှာ မျက်မှန်ဝိုင်းလေး ကျွတ်ကျလုမတတ် ကော်ဖီသီးသွားတော့သည်။
"အဟွတ် အဟွတ် အဟွတ် Apo မင်း ငါ့ကို ကပ်သီးကပ်သပ်တွေ လိုက်မေးနေတာလား"
"ဘာသံမှမကြားချင်ဘူးဆို သားက အီးဆို အသံကျယ်ကျယ်ပဲပေါက်တတ်တာလေ သူများလို တိုးတိုးလေးမှ မပေါက်တတ်တာ ဥပမာ သားယောကျာ်းလိုပေါ့"
"ဟာ Po....ကို့ကို ဘာလို့ ဆွဲထည့်နေတာတုန်း"
ဟားဟားဟားဟား!!!!!!
မွှေချင်ရာမွှေလိုက်ရတဲ့ ဗိုက်ပူပူလေးနဲ့ ကောင်လေးမှာ မျက်နှာလေးကို ပြုံးလို့ ကျေနပ်သွားဟန်ရှိလေသည်။
"ငါ့သားလည်း အဖေကို စလိုက် ယောကျာ်းကို စလိုက်နဲ့ အားရတယ်ကို မရှိဘူး ဒါလေး စားပါဉီး ပါပါး သားအတွက်သေချာလုပ်ပေးထားတဲ့ ပျားရည်ကိတ်လေး အာ..."
"ပါးကို ဒီနေ့တရက်တော့ အားနာနာနဲ့ပဲ အပ်ခဲ့ပါရစေနော် သား စာရင်းတွေစစ်ရမှာမို့လို့ပါ"
"အလုပ်သွားစရာရှိတာ သွားပါ သားရယ် ဒီ ကြောင်ပေါက်ကို ပါးနဲ့ စိတ်ချသာ ထားခဲ့"
"အိမ်ဇောက်ထိုး မဖြစ်ရင် ကံကောင်းပေါ့"
"Kinn ငါ ကြားတယ်နော်"
"ကြားပေါ့ ငါက ဘာပြောလို့တုန်း မှန်တာပြောတဲ့ဟာကို မင်းလည်း ခုမှနေကောင်းတာ တရက်နှစ်ရက်ပဲရှိသေးတာ ကလေးနဲ့ပေါင်းပြီး ပေါက်ကရတွေ လုပ်မနေနဲ့"
"ငါက ကလေးလား မင်းနေရာတကာ လိုက်ပြောနေရအောင် ကိုယ့်အလုပ်ကိုယ်သာ ဖြောင့်အောင်သွားစမ်းပါ"
"အေးပါ အချိန်လည်း ကျပြီဆိုတော့ ငါသွားပြီ"
ကော်ဖီခွက်လေးချ ထိုင်ရာကထပြီး Alpha ကြီးက သူ့ Omega ရဲ့ပါးကို ထိတယ်ဆိုရုံလေး နှုတ်ဆက်အနမ်းပေးပြီး ထွက်သွားတော့ နမ်းခံလိုက်ရတဲ့ Omega ဖေဖေလည်း မျက်မှန်ဝိုင်းလေးအောက်က မျက်လုံးလေးတွေ အပြူးသားဖြစ်နေသလို ဗိုက်ပူလေးနဲ့ ကောင်လေးရော သမက်ဖြစ်သူတို့ပါ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့ကြတာပါ။