'' Baekhyun ah ''
ဘေးတွင် ရှိနေသော မိန်းကလေးက Baekhyun ကို ပြုံးပြီး ကြည့်နေတာမို့ ... Chanyeol စိတ်ထဲ တစ်မျိုး ဖြစ်လာ၍ Baekhyun ကို လှမ်းခေါ်လိုက်သည် ။ သူ့ကို တွေ့တွေ့ချင်း မျက်ခုံးလေး ပင့်တက်သွားသော Baekhyun ... အံ့အားသင့်မှုတို့က မျက်နှာတွင် အတိုင်းသား ။
ဝမ်းသာသွားမှု၏ အရိပ်အရောင်ကိုတော့ Chanyeol ဖမ်းမမိလိုက်ပါ ။
'' Chanyeol ah ! ''
ချက်ချင်းပဲ Baekhyun မတ်တပ်ထရပ်ကာ Chanyeol ဆီ လျှောက်သွားတော့သည် ။ မျက်နှာမှာလည်း ဖုံးဖိမရသော အပြုံးတစ်ခုနှင့် ... ။ သူ Chanyeol နှင့် ဒီလိုမျိုး ထပ်တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားဘူးလေ ... ။ ရင်ထဲ ပျော်ရွှင်မှုတို့ လှိုက်တက်လာတာကိုတော့ သူ ဝန်ခံပါတယ် ။
'' မင်း ဘယ်လိုလုပ်ပြီး ... ?? ဘာလဲ ? ရွာကနေ ထွက်လာတာ လား ? ဟုတ်လား ?? ''
Chanyeol အံ့သြတကြီး မေးနေပါသည် ... သူလည်း Baekhyun ကို ဒီလို ရွာပြင်မှာ မိန်းကလေး တစ်ယောက် နဲ့အတူ တွေ့ရလိမ့်မယ်လို့ ဘယ်လိုလုပ် ထင်ထားမှာလဲ ??
'' ငါလား ?? ဒီလိုပဲ ... ... ခိုးထွက်လာတာ ... Halmoni မသိအောင်လေ ... ငါ ရွာမှာ နေရတာ ပျင်းလာလို့ ... မြို့တော်ကိုလည်း ရောက်ဖူးချင်တယ်လေ ။ ''
Baekhyun စကားကြောင့် Chanyeol စိုးရိမ်ပူပန် သွားမိသည် ။
ခိုးထွက်လာသည်တဲ့ ။ မြို့တော်ကို ရောက်ဖူးချင်တယ်တဲ့ ။ သူနဲ့တန်းတွေ့လို့ တော်ပါသေးတယ် ။ မဟုတ်ရင် Baekhyun လို တောသားလေးကို မြို့မှာရှိတဲ့ လူဆိုးတွေ တစ်ခုခုညစ်ပတ်ကာ ညှပ်ချသွားခဲ့ရင် Baekhyun ဒုက္ခ ရောက်မှာလေ ... ။ ပြီးတော့ မြို့တော်မှာ မယောင်မလည် ဖြစ်နေမှာ ။
* ဒီ တောသားလေး ကတော့ ... *
'' yah ... မြို့တော်မှာ အသိမရှိဘဲ လာဖို့ လုပ်နေရလား ။ မင်းဒုက္ခရောက်သွားမှာပေါ့ ။ မြို့တော်ကလူတွေ ဘယ်လောက် ဆိုးလိုက်သလဲ ?? ''
Chanyeol လေသံ နည်းနည်းကျယ်သွားသည်မို့ Baekhyun ဇက်ကလေး ပုသွားသည် ။ မျက်လုံးလေး ကလယ်ကလယ်ဖြင့် သူ့ကို ကြည့်နေတာကိုက ... မျက်နှာကို ဆွဲညှစ်ချင်စရာ ။ သူလည်း စိတ်ပူလို့ အော်မိလိုက်တာပါ ။
![](https://img.wattpad.com/cover/36509993-288-k351417.jpg)
YOU ARE READING
SUPERNATURAL
FanfictionZawgyi သဘာဝမကျသော အချစ်ဟာ အပြစ်တစ်ခုဖြစ်မည်ဆိုရင် ထိုအပြစ်ကို ကျေကျေနပ်နပ် လက်ခံပါရစေ..။ ကျွန်တော်တို့ အချစ်ဟာ အဆုံးမရှိတာမို့။ Unicode သဘာဝမကျသော အချစ်ဟာ အပြစ်တစ်ခုဖြစ်မည်ဆိုရင် ထိုအပြစ်ကို ကျေကျေနပ်နပ် လက်ခံပါရစေ..။ ကျွန်တော်တို့ အချစ်ဟာ အဆုံးမရှိ...