Chapter Eighteen {Z+U}

7.2K 513 8
                                    

Zawgyi

Chapter Eighteen

•~•~ WET KISSES ~•~•

နန်းတော် ညီလာခံ ခန်းမထဲ၌ ဂိုဂူလျောပြည်၏ အရှင်ဘုရင် နှင့် မှူးမတ်အပေါင်းတို့ စုံလင် စုဝေးကာ တိုင်းရေးပြည်ရေးများကို တိုင်ပင်ဆွေးနွေးနေကြသည် ။ အိမ်ရှေ့စံမင်းသား Sun Yeol နှင့် မင်းသား Chan Yeol တို့ကတော့ ရှင်ဘုရင့်အနီး တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြ၏ ။

ဂိုဂူလျော ဘုရင်သည် ရှေ့ကျွန်းသစ်စားပွဲခုံပေါ်ရှိ သဝဏ်လွှာများကို တစ်ခုချင်း တစ်ခုချင်း ဖတ်ကာ ပြည်သူတို့၏ လိုအပ်ချက်အတွက် တတ်နိုင်သလောက် ဖြည့်ဆည်းရန် အမတ်များနှင့် ဆွေးနွေးနေ၏ ။

အရင်တုန်းကတော့ ဒီလို ညီလာခံမျိုးတွင် Chan Yeol သည် စိတ်ပါလက်ပါနှင့် ဝင်ရောက်ဆွေးနွေးပေမယ့် ယနေ့တော့ သိပ်စိတ်မပါပေ ။ အကြောင်းက ဤညီလာခံ ပြီးဆုံးသွားလျှင် Baek Hyun နှင့် အတူတူ သွားမည့် နေရာတစ်ခုကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေခြင်းပင် ဖြစ်၏ ။

" အိမ်ရှေ့စံမင်းသား ... နန်းတွင်း ဆေးကုသဆောင် အသစ် ဆောက်နေတယ်ဆို "

မင်းကြီးက သဝဏ်လွှာများနှင့် ပတ်သက်ပြီး ဆွေးနွေးနေရာက ရုတ်တရက် ပြောင်းလိုက်သော ခေါင်းစဉ်ကြောင့် Chan Yeol အတွေးစတချို့ကို ဖျောက်ကာ နားစွင့်လိုက်သည် ။

အိမ်ရှေ့စံမင်းသား Sun Yeol လည်း သူလုပ်ဆောင်နေသော ကိစ္စနှင့် ပတ်သက်ပြီး ခမည်းတော်က မေးလေတော့ သတိကြီးစွာ ထားနေ၏ ။

" ဟုတ်ကဲ့ ... ကျွန်တော် ... ... "

" ဒီကိစ္စကို ငါ့ဆီတောင် လာမတိုင်ပင်ဘဲ မင်းဖာသာမင်း လုပ်နေလို့ ဖြစ်တယ်လား ? အိမ်ရှေ့စံ ! မင်းဘာတွေ လျှောက်လုပ်နေတာလဲ ?? "

မင်းကြီး၏ စကားကြောင့် အိမ်ရှေ့စံ ခေါင်းငုံ့သွားသည် ။ အဆူခံလိုက်ရတာကိုး ။ မင်းကြီးက တကယ်တော့ စိတ်ဆိုးနေတာမျိုး မဟုတ်သော်ငြား စိတ်ပျက်လက်ပျက် ဖြစ်နေတာပါ ။

" ကျွန်တော် တောင်းပန်ပါတယ် ခမည်းတော် ... "

" သားတော် ... အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင် အဘက်ဘက်က တွေးပြီး သေချာစဉ်းစားပြီးမှ လုပ်သင့်တယ် ။ မင်းက ဒီဆေးကုသဆောင်အသစ် ဆောက်တာ ပြည်သူတွေအတွက်လို့ ပြောတယ် ။ ဒါပေမယ့် တကယ်က ပြည်သူတွေအတွက် ဘာအကျိုးမှ မဖြစ်ဘူး ။ သားတော် ... မင်းသား Chan Yeol လို နန်းတော်ထဲက ထွက်ပြီး ပြည်သူတွေရဲ့ အခြေအနေကို လေ့လာပါ ။ မင်းက နောင်တစ်ချိန် ဒီတိုင်းပြည်ရဲ့ မင်းကြီး ဖြစ်လာမှာ ။ ပြည်သူတွေကို ပစ်ထားလို့ မရဘူး နားလည်လား ?? "

SUPERNATURALWhere stories live. Discover now