Chapter Twenty-Two {Z+U}

4.4K 542 19
                                    

Zawgyi

နန်းဆောင်တံခါးကို ဖွင့်ဖွင့်ချင်း မြင်တွေ့ရသည့် သားတော်၏ အခြေအနေကို ကြည့်ပြီး နန်းဆောင်ကို လာရာ တလျှောက် ထွက်လာသော ဒေါသတွေတောင် ဘယ်ရောက်ကုန်မှန်း မသိ ဖြစ်သွားရသည် ။

ဆံပင်များကလည်း ဖွာလန်ကြဲကာ ကြမ်းပြင်ပေါ်တွင် ဘေးတစောင်း လဲနေလျက် အသက်မရှိတော့သည့် လူလို ဖြစ်နေသည် ။ မျက်လုံးများကလည်း အခန်းနံရံကို အသက်မဲ့စွာ စိုက်ကြည့်နေလျက် နှုတ်ကလည်း တတွတ်တွတ် ရွတ်နေ၏ ။ မျက်ရည်စီးကြောင်းများကလည်း မျက်နှာချောချောပေါ်မှာ အထင်းသား ~~

" Baek Hyun ah ... တောင်းပန်ပါတယ် ! "

Chan Yeol ၏ မယ်တော်လည်း သူမ ရောက်နေသည်ကို သတိတောင် မထားမိသော မိမိ၏ သားဖြစ်သူအား နားမလည်နိုင်စွာ စိုက်ကြည့်နေသည် ။

အချစ်က သိပ်ဆန်းကြယ်လွန်းပါသည် ။ အရင်က ထက်မြက်စွာ သွက်လက်စွာ နေထိုင်ခဲ့သည့် သားတော်၏ ပုံရိပ်ကို ယခု ဘယ်နား၌ သွားရှာနိုင်ပါမည်နည်း ။ သားတော်၏ အရင်ပုံစံကို မည်သို့ ပြန်လည် ရယူရမည်နည်း ။ အချစ်က သားတော်ရဲ့ ကမ္ဘာကို ပြောင်းပြန် ဖြစ်စေခဲ့ပြီ ။ ချစ်ရသူကြောင့် သားတော်ရဲ့ ကမ္ဘာက အမှောင်ကျနေခဲ့ပြီ ။

သူမ ဘယ်လို လုပ်ရမည်နည်း ?

" Park Chan Yeol ! "

မာကျောစွာ ခေါ်လိုက်ပြီးနောက် သူမကို ကျောပေးလျက် လှဲနေသော Chan Yeol ခေါင်းလေးထောင်ကာ သူမဖက် လှည့်ကြည့်သည် ။ နောက် လေးလေးတွဲ့တွဲ့နှင့် ကုန်းရုန်းထလာကာ နေရာတွင် ထိုင်လိုက်၏ ။

" မင်း ဘာလို့ ဒီပုံစံ ဖြစ်နေတာလဲ ?? ဂိုဂူလျောရဲ့ နတ်စစ်ဘုရင် ပုံစံ ဘယ်ရောက်သွားလဲ ? ဟမ် ! Chan Yeol ! မင်း ဒီလောက်တောင်ပဲ ပျော့ညံ့ရသလား ? "

သူမ၏ သားတော် Chan Yeol မှာ ဘာဆိုဘာမှ ပြန်မပြောဘဲ ခေါင်းသာ ငုံ့ထားပြီး ငူငူငိုင်ငိုင်ကြီး ထိုင်နေလေသည် ။ သူမ စိတ်ဓာတ်ကျရ၏ ။

" ငါ့အတွက်ရော မကြည့်ပေးတော့ဘူးလား ။ နင့်တစ်ယောက်တည်းကိုပဲ ကြည့်ပြီး နေထိုင်ခဲ့တဲ့ ငါ့ကို မစာနာဘူးလား ? "

" ကျွန်တော် တောင်းပန်ပါတယ် "

လျော့ရဲရဲ အသံဖြင့် တောင်းပန်စကား တစ်ခွန်း ထွက်လာပြီးနောက်တွင် ပြန်တိတ်သွားပြန်သည် ။

SUPERNATURALDove le storie prendono vita. Scoprilo ora