Chapter Six ( I Think I Love Him ) {Z+U}

7.6K 698 6
                                    


Zawgyi

Chanyeol's pov :

Luhan ကို Baekhyun ဆေးကုသပေးအပြီး သုံးရက်ခန့်အကြာမှာပင် Luhan အဆိပ်မှာ ပျောက်ကင်းသလောက် ရှိနေပြီ ... ။

Baekhyun ညွှန်သော အားဆေးပြင်းပြင်း များကြောင့်လည်း Luhan တော်တော်လေး ထူထူထောင်ထောင် ဖြစ်လာပြီ ။

သို့ပေမယ့် Baekhyun ကတော့ အခုချိန်ထိ Luhan အဆိပ်မှာ အရှင်း မပျောက်ကင်းသေး ဟု ဆိုကာ စိုးရိမ်သောကရောက်နေသေး၏ ။

သူ့ကြည့်ရတာ ဒွိဟဖြစ်နေပုံပါပဲ ။ Luhan ၏ အဆိပ်ကို အမြစ်ပြတ်ပျောက်ကင်းသွားစေနိုင်မည့် နည်းလမ်းကို Baekhyun သိထားပါတယ် ။ သို့ပေမယ့် ထိုနည်းလမ်းကို သုံးပြီး ကုသတာတောင်မှ အဆိပ်ပျောက်ကင်းသွားဖို့က မသေချာသည့်အပြင် ဘေးထွက်ဆိုးကျိုးများပါ ဖြစ်ပေါ်လာနိုင်စေသောကြောင့် Baekhyun တစ်ယောက် တွေဝေနေခြင်းပါ ။

Baekhyun က Luhan ကို လုံးဝပျောက်ကင်းအောင် ကုသပေးဖို့ စိတ်အားထက်သန်နေတယ် ... ကျွန်တော့်ကြောင့် ... ကျွန်တော်အကူအညီ တောင်းထားတာကြောင့်နဲ့တော့ မဟုတ်ပါဘူး ... ။ လူနာ တစ်ယောက်အပေါ် ထားတဲ့ Baekhyun ရဲ့ စေတနာကြောင့် ... ။

ကျွန်တော်လည်း အခုတစ်လော စားချိန် အိပ်ချိန်နဲ့ ညီလာခံ တက်ရမည့် အချိန်က လွဲရင် တစ်ချိန်လုံး နန်းတွင်း ဆေးကုသဆောင် ကိုပဲ ရောက်ရောက်နေတတ်သည် ။ အခု ကျွန်တော်နဲ့ Baekhyun ကြား ဆက်ဆံရေးကလည်း တဖြည်းဖြည်း နက်ရှိုင်းလာသလိုပါပဲ ... ။ ပြီးတော့ Baekhyun မှာလည်း Luhan , Sehun တို့နှင့် အတော်လေး ရင်းနှီးနေပြီ ။

'' ငါ ဆုံးဖြတ်လိုက်ပြီ ... အဲ့ဒီ နည်းနဲ့ပဲ ကုမယ် ။ ''

သူ့မျက်လုံးတို့နှင့် စေ့စေ့ပိတ်ထားသော နှုတ်ခမ်းတို့က သူ့မျက်နှာအမူအရာကို လေးနက်စေသည် ။ ကျွန်တော်က ဆေးပညာနှင့် ပတ်သက်လျှင် ဘာမှ သိပ်နားမလည် သူမို့ Sehun လို ပြန်လည် အကြံမပေးနိုင် မဝေဖန်နိုင် ။ ဒီအတိုင်း Baekhyun ကို ယုံကြည်သည်မို့ သူ ဆုံးဖြတ်သမျှ ခေါင်းညိတ်လက်ခံရုံသာ ။

ယခု သူ ဆုံးဖြတ်ချက်ချသော အချိန်မှာ ပြန်လည် အကြံပေးမည့် Sehun က မအားလပ်သည်မို့ ခေါင်းညိတ်လက်ခံမည့် ကျွန်တော်သာ ရှိနေပါ၏ ။

SUPERNATURALWhere stories live. Discover now