Chapter Four {Z+U}

7.6K 716 8
                                    

Zawgyi

'' ဘာာာ ! သမားတော်တွေ ဖြစ်ပြီး ... ဘာတဲ့ ။ ကုမရတော့ဘူး ဟုတ်လား ? ဟမ် !!! ''

Chanyeol တစ်ယောက် သူ့နန်းဆောင်တွင် လာရောက်ခစားကာ Luhan ၏ ရောဂါအခြေအနေကို လာရှင်းပြနေသော သမားတော်ကြီးများကို ဒေါသတကြီး ကြိမ်းမောင်းနေ၏ ။

'' ဟုတ် .... စိုး ... စိုးရွံ့မိပါတယ် မင်းသားလေး ... သူ့အဆိပ်အတွက် ဖြေဆေးမရှိပါဘူး ။ ''

'' ဘာလို့ ဖြေဆေးမရှိတာလဲ ? ငါ သူ့လို အဆိပ်မျိုး မိခဲ့တာတောင် အသက်ရှင်နေတာပဲဟာ ... ဘာလဲ ? တစ်ယောက်မှ မကုနိုင်တော့ဘူးလား ? ''

ခေါင်းတွေသာ အသေအကျေငုံ့ထားကြပြီး ဘာမှမပြောသော သမားတော်ကြီးနှစ်ယောက်ကို ကြည့်ပြီး Chanyeol ဒေါသထွက်နေ၏ ။

* နန်းတွင်းက သမားတော်ကြီးတွေ ဖြစ်ပြီး ဒီအဆိပ်ကို မကုတတ်ဘူး ။ ဟိုးမြို့ပြင်မှာ နေတဲ့သူကျ ကုတတ်တယ် ။ သူ့ပဲ သမားတော်ကြီးခန့်ပစ်လိုက်ရ *

စိတ်ပေါက်ပေါက်နဲ့ တွေးနေမိ၏ ။ စစ်နိုင်လာ၍ ခမည်းတော်ဆီက ဆုလာဒ်များစွာ ရလာပေမယ့်လည်း မပျော်နိုင် ။ သူငယ်ချင်း အရင်းကြီး တစ်ယောက်လုံးက အဆိပ်မြှားမှန်ပြီး အိပ်ယာထဲ လဲနေတယ်လေ ... အဲ့ဒါမှ ပျော်နေရင်လည်း ... ။

'' ငါမေးတာဖြေလေ ... ကုလို့ မရတော့ဘူးလား ? ''

'' စိုးရွံ့မိပါတယ် မင်းသားလေး ... ''

တစ်ချိန်လုံး စိုးရွံ့နေတာပဲ ... အသုံးတော့မကျဘူး ... ဒီအတိုင်းဆို Luhan ကို အဆုံးရှုံးခံရတော့မှာလား ? ဟင့်အင်း ... သူရအောင် ကယ်မယ်လို့ ဆုံးဖြတ်ထားပြီးသား ... Luhan ကို အဆုံးရှုံးခံဖို့ဆိုတာ စိတ်တောင်မကူးဖူးတဲ့ ကိစ္စပါ ။

'' ထွက်သွားကြတော့ ... ''

'' ဟုတ် ... ဟုတ်ကဲ့ ''

'' ဒုန်း!!!!! ''

Chanyeol ဒေါသကြောင့် ရှေ့ကသစ်သားခုံပုလေးကို ခပ်ပြင်းပြင်းထုလိုက်ခြင်းပါ ။ သမားတော်ကြီးများမှာလည်း Chanyeol ဒေါသကို ကြောက်ရွံ့စွာဖြင့် အဆောင်တော်ထဲမှ ကုတ်ကုတ်လေး ထွက်သွားကြပါသည် ။

'' ဟူးး !! ''

* ကျွန်တော်တို့ ဂိုဂူလျောရဲ့ ဆေးပညာ တော်တော်နိမ့်သေးတာပဲ ... *

SUPERNATURALDonde viven las historias. Descúbrelo ahora