Chapter Nine {Z+U}

6.4K 620 12
                                    

Zawgyi

Chan Yeol's point of view :

" မသင့်တော်ပါဘူး မင်းသားလေး ... Byun Baek Hyun ဟာ လူသိနည်းပါးတဲ့ ဟိုးအစွန်ဘက် ရွာက လာတဲ့ သာမည သမားတော်လေး တစ်ယောက်ပါ ။ ဒီရာထူးနဲ့ ဘယ်လိုမှ မထိုက်တန်ပါဘူး "

ချေပပြောဆိုလာသူ အမတ်ကြီး Lee ကို ကျွန်တော် စိတ်တိုလာသည် ။ ခမည်းတော်ကတော့ ဘာမှ ဝင်မပြော ။ အမတ်ကြီး Lee ၏ တင်ပြချက်ကို နားထောင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေသည် ။

* သာမည သမားတော်လေး ဆိုပဲ *

" အမတ်ကြီး Lee ပြောတာ မှန်တယ် ... သားတော် ။ သားတော် ပြောတဲ့ Baek Hyun ဟာ အရည်အချင်း ရှိတာ မှန်ပေမယ့် ဒီရာထူးက မျိုးနွယ်ကြီးတွေကိုပဲ ပေးအပ်ရတာ ။ အခု လက်ရှိ သမားတော်ကြီးကလည်း မညံ့ပါဘူး သားတော် ... ဒီကိစ္စကို ဒီမှာတင် ရပ်ရအောင် "

ခမည်းတော် ပြောတာကြောင့် ကျွန်တော် ငြိမ်နေပေးလိုက်ပေမယ့် စိတ်ထဲက သိပ်မကျေနပ် ။ ခမည်းတော်ကသာ မသိတာ ... အခု လက်ရှိ သမားတော်ကြီးက မည်မျှ လာဘ်စားသည်ကို ကျွန်တော် အကုန်သိပြီးသား ... ။ အမတ်ကြီး Lee က ဘက်လိုက် ပြောဆိုပေးသည် ဆိုတာကလည်း အဲ့ဒီ သမားတော်ကြီးက သူတို့ ဘက်တော်သားမို့လို့ ... ။

* Baek Hyun ah ... mianae *

Baek Hyun ကို နန်းတော်အတွင်းမှာပဲ ကျွန်တော်နဲ့အတူ နေစေချင်တာကြောင့် နန်းတွင်း သမားတော်ကြီး နေရာအတွက် လျှောက်တင်ကြည့် သော်လည်း မအောင်မြင် ။ ဒါကလည်း ကြိုတင်ခန့်မှန်းပြီးသားပါ ။

ကိုယ့်တိုင်းပြည်က ပြည်သူတချို့အကြောင်း ကောင်းကောင်းကြီး သိပါသည် ။ ဆေးကျောင်းသားနှင့် သမားတော် အများစုက မျိုးနွယ်ကြီးထဲကဖြစ်သလို အလယ်အလတ် မျိုးနွယ်စုတွေထဲက ဖြစ်ကြ၏ ။ နိမ့်ကျသော မျိုးနွယ်ထဲက ဆိုလျှင် အနှိမ်ခံရသည်က များ၏ ။ မဖြစ်သေးပါ ... ။ Baek Hyun ကို နှိမ့်ချဆက်ဆံနေတာမျိုး ကျွန်တော် မဖြစ်စေချင် ။ ဟင့်အင်း ... လုံးဝ မဖြစ်စေရ ။

ညီလာခံ၌ ဆက်လက်တိုင်ပင်ဆွေးနွေးနေကြသည့် တိုင်းရေပြည်ရေးတွေကို စိတ်မဝင်စားတော့ဘဲ ကိုယ့်အတွေးနှင့်ကိုယ် မျောနေခိုက် ... ခမည်းတော် ပြောလိုက်သော စကားတစ်ခွန်းကြောင့် ကျွန်တော် မျက်လုံးပြူးကာ လန့်ဖျတ်သွားခဲ့ရသည် ။

SUPERNATURALWhere stories live. Discover now