Zawgyi
ဒီ fic က 'သစ်ခွအရှင်သခင်' ဆိုတဲ့ တရုတ်ကားကို ကြည့်ပြီး စိတ်ကူးပေါက်လို့ ရေးလိုက်တာပါ ..
ကြည့်ဖူးတဲ့သူတွေ သိပါတယ် ... တော်တော်လေး ကောင်းတဲ့ ဇာတ်ကားမို့လို့လေ ။မင်းသားနဲ့ မင်းသမီးက ရေစက်တော့ ပါတယ် ဆိုပေမယ့် ကံကြမ္မာက ဖူးစာဖက်အဖြစ် သတ်မှတ်ထားတာ မဟုတ်ဘူး ... မင်းသားအတွက် ဖူးစာဖက်က တခြားမိန်းကလေး တစ်ယောက်ပါ ။
ဒါပေမယ့် မင်းသမီးနဲ့ တွေ့ပြီးတဲ့နောက် မင်းသမီးရဲ့ အဘွားပြောတဲ့ ကံကြမ္မာတွေက လွဲခဲ့တယ် ။ နောက်နှစ်တွေအတွင်းမှာ သေရမယ့် မင်းသားကို မင်းသမီးက အမြဲ ကယ်တင်တယ် ။
ပြောချင်တာက မင်းသားနဲ့ မင်းသမီးက ကံကြမ္မာက သတ်မှတ်ထားတဲ့ ဖူးစာဖက်တွေ မဟုတ်ကြပေမယ့် တစ်ယောက်ကို တစ်ယောက် အရမ်း ချစ်ခဲ့ကြတယ် ။
ဒီ fic ထဲက ChanYeol နဲ့ BaekHyun လည်း အဲ့ဒီလိုပါပဲ ။ ကံကြမ္မာက သတ်မှတ်ပေးတဲ့ ChanYeol ရဲ့ ဖူးစာဖက်ဆိုတာ Na Na ပါ ။ ဒါပေမယ့် ChanYeol က BaekHyun နဲ့ တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ် ။
အကယ်၍ BaekHyun နဲ့သာ သူမတွေ့ခဲ့ဘူး ဆိုရင် သူ Na Na နဲ့ပဲ လက်တွဲရမှာ ။
fic အစလောက်မှာ BaekHyun ရဲ့ အဘွားက ပြောခဲ့တယ် .. ChanYeol က နောက်နှစ်မှာ သေရလိမ့်မယ် ဆိုပြီးတော့လေ ။
တကယ်လို့ BaekHyun နဲ့သာ ChanYeol မတွေ့ခဲ့ဘူးဆိုရင် Na Na နဲ့ လက်တွဲရပြီး နောက်နှစ်အတွင်းမှာပဲ သူသေသွားရမှာပါ ။ ဒါပေမယ့် BaekHyun နဲ့ တွေ့ပြီးနောက် သူ့ကြမ္မာက ပြောင်းသွားခဲ့ပါတယ် ။
BaekHyun ရဲ့ အဘွားပြောတဲ့ 'ChanYeol က နောက်နှစ်မှာ သေရလိမ့်မယ်' ဆိုတဲ့ ဘတ်ဂျယ်နဲ့ ဂိုဂူလျော စစ်ပွဲမှာ ChanYeol သေရမယ် ဆိုတဲ့ အဓိပ္ပာယ်ပါ ။
reader တစ်ယောက်က မေးထားတယ် ။ ChanYeol က စစ်ပွဲမှာ သေရမယ် ဆိုပြီး ဘာလို့ မသေတာလဲ တဲ့ ။
အဖြေက နောက်ဆုံးပိုင်းမှာ ပါ,ပါတယ် ။
'ဘယ်လိုမှ အခြေမလှတဲ့ စစ်ပွဲကို သူ့စိတ်ကြောင့် အောင်မြင်အောင် တိုက်ခိုက်ခဲ့တာ' ဆိုပြီးတော့လေ ။
စစ်ပွဲမှာ အနိုင်ရအောင် တိုက်ပြီး BaekHyun နဲ့ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားမယ် ဆိုတဲ့ စိတ်က အရမ်းပြင်းထန်နေလို့ပါ ။
YOU ARE READING
SUPERNATURAL
FanfictionZawgyi သဘာဝမကျသော အချစ်ဟာ အပြစ်တစ်ခုဖြစ်မည်ဆိုရင် ထိုအပြစ်ကို ကျေကျေနပ်နပ် လက်ခံပါရစေ..။ ကျွန်တော်တို့ အချစ်ဟာ အဆုံးမရှိတာမို့။ Unicode သဘာဝမကျသော အချစ်ဟာ အပြစ်တစ်ခုဖြစ်မည်ဆိုရင် ထိုအပြစ်ကို ကျေကျေနပ်နပ် လက်ခံပါရစေ..။ ကျွန်တော်တို့ အချစ်ဟာ အဆုံးမရှိ...