Chapter Twenty-Four {Z+U}

5.2K 508 15
                                    

Zawgyi

နန်းတော်ဂိတ်ဝတံခါး ပွင့်လာပြီးနောက်တွင် *** ကျွန်းသို့ ကျွန်အဖြစ် ပို့ဆောင်ရန် အမိန့်ချထားသော အကျဉ်းသားဆယ်ငါးယောက်နှင့်အတူ ဘေးတွင် ရဲမက်များ ခြံရံလျက် ထွက်လာခဲ့သည် ။

ထွက်ထွက်လာချင်း ခေါင်းကို ငုံ့ထားရာကနေ Baek Hyun သူတို့ကို ဝိုင်းကြည့်နေသော ပြည်သူပြည်သားများကို မဝံ့မရဲ ခေါင်းမော့ကြည့်မိ၏ ။

အတန်အသင့် ကြီးမားသော အပြစ်တို့ကို ကျူးလွန်ထားကြသူတွေမို့ သူတို့ကို ကြည့်နေကြသည့် ပြည်သူများ၏ မျက်လုံးတွင် ရွံရှာမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည် ။

' မိမိတို့ မည်သို့သော အပြစ်လုပ်ထားသည်ကို တိတိကျကျ မသိဘဲနှင့်တောင် ထိုသို့သော မျက်လုံးမျိုးဖြင့် ကြည့်နေကြသည့် ပြည်သူတို့မှာ သူတို့ ချစ်မြတ်နိုးကြသော Chan Yeol မင်းသားနှင့် ယောက်ျားချင်း ချစ်ကြိုက်မိသည့် Baek Hyun မှာ သည်အကျဉ်းသားအုပ်စုထဲ ပါဝင်နေသည်ဆိုတာကို သိကြလျှင် မည်သို့ တုံ့ပြန်ကြမည်နည်း ? ခဲနှင့် ပေါက်ကြမည်လား ? ဟင်းသီးဟင်းရွက်အနွမ်းများဖြင့် ပစ်ပေါက်ကြမည်လား ? သူ့ကို အော်ဟစ် ကျိန်ဆဲကြမည်လား ? '

ထိုသို့ တွေးမိပြီး Baek Hyun ခေါင်းကို ငုံ့ပြီးရင်း ငုံ့ထားလိုက်သည် ။ သူ ကျူးလွန်သည်ဟု ခံယူထားခြင်း မရှိတဲ့ ပြစ်ဒဏ် အတွက် ပြည်သူပြည်သားတွေဆီက မုန်းတီးစက်ဆုပ်မှုကို ခံနိုင်ရည် မရှိပါဘူး ။

သူတို့ကို ဝိုင်းကြည့်နေကြသည့် လူအုပ်ကြားထဲ Chan Yeol များ ပါနေလေမလား တွေးမိပြန်သည် ။ သို့သော်လည်း နန်းတော်အပြင်ဘက်တွင် အကျယ်ချုပ်နှင့် နေရသော Chan Yeol က သည်လူအုပ်ထဲ ရောက်ရှိနေဖို့ ဆိုတာ မဖြစ်နိုင်လောက်ဘူး မဟုတ်လား ?

သည်လူအုပ်ထဲ Chan Yeol ရှိမနေဖို့ Baek Hyun တကယ်ပဲ မျှော်လင့်မိပါသည် ။ ကြိုးများဖြင့် တင်းကြပ်စွာ ချည်နှောင်ထားမှုကြောင့် လက်တွင် သွေးအနည်းငယ် ထွက်နေပြီး ခြေလှမ်းနှေးနေလျှင် ရဲမက်များ၏ ဆောင့်တွန်းခြင်းခံနေရသော သူ၏ ပုံစံကို သူချစ်ရသော သူအား မြင်စေချင်စိတ် အလျဉ်းမရှိ ။

SUPERNATURALWhere stories live. Discover now