Chapter-3

936 94 3
                                    

3
ကျန်းဆွေကျိုးအကြံက လက်တွေ့မကျဘူးလို့ ထင်ရပေမဲ့ ထပ်ပြီးစဉ်းစားကြည့်ကြည့်တော့ မဖြစ်နိုင်တာတော့လည်း မဟုတ်ပါဘူး။

ကွမ်းရှီး အဲ့ဒီနေ့ညက ထူးထူးခြားခြား အိပ်မက်တစ်ခု မက်ခဲ့သည်။ အိပ်မက်ထဲတွင် သမီးအရင်း ပြန်ရောက်ပြီးနောက် သူမခမျာ တစ်ပြားတစ်ချပ်မှ မပါပါဘဲ အိမ်ပေါ်က နှင်ချခံရခဲ့ပါသည်တဲ့။

ထိုအခါ ကွမ်းရှီးလည်း ကျန်းဆွေကျိုးကို သူမပေးခဲ့တဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို ရောင်းဖို့အတွက် သူ့အိမ်ကို အပြေးသွားတော့သည်။

အိပ်မက်ထဲမှာတော့ သူမ ပိုက်ဆံတွေ အများကြီးရလိုက်ပြီး ပျော်စရာတွေ ရှာတော့လေသည်တဲ့။ ဒါပေမဲ့ နိုးလာတဲ့အခါမှာတော့ မျက်နှာကြက်ကို ငေးကြည့်နေရင်း အရမ်းကိုဆိုးဝါးတဲ့အသိတစ်ခု သူမခေါင်းထဲ ဝင်လာပါတော့သည်။

အဲ့ဒါကတော့ သူမ ကျန်းဆွေကျိုးအတွက် ဘာလက်ဆောင်မှ ဝယ်မပေးဖူးသလောက်ဖြစ်သည်ဆိုတာပါပဲ။

ချီး! သူမက အဲ့ဒီလောက် ကပ်စေးနည်းတဲ့သူလား။ သူမ ဘယ်လိုလုပ် ဒီခွေးလိုလူအတွက် တစ်ခါမှ ပိုက်ဆံမသုံးခဲ့မိတာလဲ။

ကွမ်းရှီးတစ်ယောက် အလေးအနက်ထား ပြန်တွေးကြည့်မိသည်။

နိုး၊ နိုး။ သူမ သူ့ကို လက်ကြယ်သီးတွေ တစ်ခါပေးခဲ့ဖူးသည်။ သို့သော် ရလဒ်ကတော့ လက်ဆောင်ကို ဖွင့်ပြီးပြီးချင်း သူ ပြောလိုက်တဲ့ ပထမစကားတစ်ခွန်းနဲ့တင် သူမ ဒေါသထွက်လွန်းလို့ မူးလဲတော့မလိုထိ ဖြစ်ခဲ့ရသည်။

ဟုတ်ပါသည်။ သူမအကြိုက်ပုံစံကို သူမှ မကြိုက်တာပဲဟု တွေးမိတာကြောင့် အဲ့ဒီကတည်းက သူ့ကို ဘာမှမပေးဖြစ်တော့ခြင်းသာ။

အဲ့ဒါကြောင့် ဒီကိစ္စအတွက် သူမကို အပြစ်မဆိုနိုင်ပေ။

မနက်ဆယ်နာရီတွင် ကျန်းဆွေကျိုးမှာတော့ အလုပ်သွားနှင့်ပြီဖြစ်သည်။

ကွမ်းရှီး ခုတင်ပေါ်မှဆင်းကာ သန့်ရှင်းရေးလုပ်ရန် ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ ပြန်ထွက်လာသောအချိန်တွင် ခုတင်ဘေးရှိ စားပွဲပုလေးပေါ်မှ ဖုန်းမြည်လာကာ လန်နင်ယီးထံမှ ဖုန်းဝင်လာခဲ့သည်။

Come To My Side (Myanmar Translation)Where stories live. Discover now