Chapter -54

691 70 6
                                    

ကွမ်းရှီး စိတ်ဘယ်လောက်ကြီးလဲဆိုတာကို ကျန်းဆွေကျိုး မသိဘဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ သူမက တဇွတ်ထိုးနိုင်တာလောက်ပဲရှိတာဖြစ်ပြီး တကယ့်လက်တွေ့မှာဆိုရင်တော့ အကြောင်းအရင်းမရှိဘဲ တစ်ဖက်သားကို တိုက်ခိုက်တတ်တဲ့သူမျိုး လုံးဝမဟုတ်ချေ။

နောက်ပြီး ကြော်ငြာက ထွက်လာပြီးပြီဖြစ်နေတာကြောင့် ပြန်ဖြုတ်ခိုင်းရင် သက်သေကို ဖျောက်ပါတယ်ဆိုပြီး ဖြစ်သွားမှာ အသေအချာပင်။

"ဘာလို့ စကားမပြောတာလဲ။" ကွမ်းရှီးက သူ့ပါးကို ညှစ်လိုက်ကာ "မြန်မြန်! ငါ့ကိုချော့။"

ကျန်းဆွေကျိုး ; "မင်း ဒီလိုမျိုး အဆဲခံရတာတောင် တည်တည်ငြိမ်ငြိမ်ရှိနေနိုင်သေးတာကို မြင်ရတာ ရှားရှားပါးပါးပဲ။"

ကွမ်းရှီး ; "တူမှမတူတာ။ အပြင်ဘဝမှာ ငါ့ကို အဲ့ဒီလိုပြောရဲတဲ့သူ ရှိလို့လား။ အင်တာနက်ပေါ်မှာပဲရှိတာလေ။ နင်ပြောကြည့်၊ အခုခေတ် အင်တာနက်ပေါ်ကလူတွေက ဘာမဆိုဆဲနေကြတာချည်းပဲ။ နင်ဆဲရင်း ဆဲရင်းနဲ့ တစ်ဖက်ကလူက ဆယ့်နှစ်နှစ်အရွယ်ကလေးဖြစ်နေတယ်ဆိုတာကို သိလိုက်ရရင် ဘယ်လိုလုပ်မလဲ။"

ကျန်းဆွေကျိုးမျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားကာ ; "အမြင်ကတော့ တော်တော်ကျယ်တာပဲ။"

"ဒါပေါ့။ ဒါတွေအကုန်လုံးကို ငါတို့ရှောင်ဝူလေးက ပြောပြထားတာ။ အရင်တစ်ခါ သူ အဆဲခံရတုန်းက ငါက ငါ့အကောင့်ကိုသုံးပြီး ပြန်ဆဲပစ်တာ။ နောက် သူသိသွားတော့ ငါ့ကို လာတားရော။"

ကျန်းဆွေကျိုး ပြုံးသွားပေမဲ့ ဘာမှပြန်မပြောဘဲ ဖုန်းထုတ်ပြီး ကျိုးဟောက်ဆီကို စာပိုဒ်တစ်ပိုဒ်လောက်ကြီး ပို့ပေးလိုက်သည်။

ပို့ပြီးတဲ့နောက် "ဒါဆို မင်း အခုမပျော်ဘူးဆိုတော့ ကိုယ်က ဘယ်လိုချော့ရမလဲ။"

ကွမ်းရှီးက သူ့ကို မျက်စောင်းထိုးကာ "ဒါကိုတောင် ငါပြောပြစရာ လိုသေးတာလား။ ကိုယ့်ဘာသာကိုယ် သိအောင်လုပ်။"

ကျန်းဆွေကျိုးက သူမကို ဖက်လိုက်ကာ သူမမျက်နှာဘေးမှာ မေးစေ့နဲ့ ပွတ်လိုက်ပြီး "အခုတလော ဘယ်ပစ္စည်းကို မျက်စိကျနေလဲ။ စာရင်းလုပ်ပြီး ကျိုးဟောက်ကို ပေးလိုက်လေ။ သူ့ကို သွားဝယ်ခိုင်းလိုက်။"

Come To My Side (Myanmar Translation)Where stories live. Discover now