Chapter-12

725 84 16
                                    

ကွမ်းရှီး အလာတုန်းက ကျန်းဆွေကျိုးကားနဲ့ လာတာဆိုပေမဲ့ သူက ကုမ္ပဏီမှာ အလုပ်ရှိသေးတာကြောင့် အရင်ပြန်သွားရသည်။ အဲ့ဒီလိုနဲ့ပဲ အပြန်မှာတော့ ကွမ်းရှီးတစ်ယောက် သူမအဖေအမေရယ် ကွမ်းယင်ရယ်နဲ့အတူ ပြန်ရပါတော့သည်။

ကွမ်းရှင်းဟောင်က ဒရိုင်ဘာဘေးခုံမှာထိုင်ပြီး သူ့မိန်းမနဲ့ သမီးတွေကိုတော့ နောက်ခန်းမှာ
ထိုင်စေခဲ့သည်။

"ယင်းယင်၊ ဒီနေ့ စိတ်လှုပ်ရှားနေသေးလား။" ကားပေါ်၌ ဝေ့ရှောက်မင်က မေးလာခဲ့သည်။

ကွမ်းရှီးကတော့ ကားပြတင်းပေါက်အပြင်ကို ကြည့်ကာ ခေါင်းထဲမှာလည်း အတွေးဗလာနဲ့ ဘေးကနေ အဆက်မပြတ် ဖြတ်သွားနေတဲ့ ကားတွေကိုသာ ကြည့်နေခဲ့သည်၊ တစ်စီး၊ နှစ်စီး၊ သုံးစီး......

ကွမ်းယင်က ခေါင်းခါပြလိုက်ကာ "အကုန်လုံးက အရမ်းကောင်းကြပါတယ်။ ဝိုက်ကုန်းနဲ့     ဝိုက်ဖော်ကတောင် နောက်တစ်ခါ သူတို့အိမ်လာဖို့ ပြောလိုက်သေးတယ်။"

ဝေ့ရှောက်မင် "အင်း၊ သမီး အကြာကြီး     ပျောက်နေခဲ့တယ်ဆိုပေမဲ့ ဝိုက်ကုန်းဝိုက်ဖော် တို့က သမီးကို တစ်ခါမှ မမေ့ခဲ့ကြပါဘူးကွယ်။"

ဝေ့အိမ်က လူကြီးနှစ်ယောက်လုံးက ဟိုးအရင် ကကိစ္စ ဖြစ်ကြောင်းကုန်စင်ကို သိတာကြောင့် ဒီနှစ်တွေအတွင်း သူတို့သမီးမှာ သွေးသား အရင်းမရှိတာနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်နေခဲ့ကြသည်လေ။

ဒါပေမဲ့ ပြောပြီးမှပဲ ဒီစကားဟာ ဒီလိုအချိန်မှာ ပြောလို့ မသင့်တော်မှန်း သတိရသွားခဲ့သည်။ အကြောင်းရင်းကတော့ ဝေ့အိမ်ကလူကြီးနှစ် ယောက်က ကွမ်းရှီးနဲ့တော့ အရမ်းတရင်းတနှီး မရှိခဲ့ကြဘဲ အခု ကွမ်းယင်ကိုပဲ သတိရနေ တယ်ဆိုပြီး ပြောမိသွားတာကြောင့်ပင်......

ရှေ့မှာထိုင်နေတဲ့ ကွမ်းရှင်းဟောင်ကလည်း ဒီစကားက ကွမ်းရှီးအတွက် မသင့်တော့ဘူးလို့ ထင်တာကြောင့် နောက်လှည့်ပြီး ဝေ့ရှောက်မင် ကို တစ်ချက်ကြည့်ပြီး သတိပေးလိုက်သည်။

ဝေ့ရှောက်မင် ချောင်းတစ်ချက်ဟန့်လိုက်ကာ ကွမ်းရှီးဘက် လှည့်ကြည့်လိုက်ပြီး "ရှီးရှီး၊ အခုတလော ကုမ္ပဏီမှာ အဆင်ပြေရဲ့လား။"

Come To My Side (Myanmar Translation)Where stories live. Discover now