ကွမ်းရှီးက ရေကြောက်တတ်သလို ရေလည်း မကူးတတ်ချေ။ အရင်က သူငယ်ချင်းတွေစုပြီး ရေကူးကန်ပါတီတွေ ဘာတွေလုပ်ရင်လည်း သူမတစ်ယောက်တည်းသာ ရေကူးဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ရင်ရိုက် မဟုတ်ရင် ဘောကွင်းနဲ့ ရေစိမ်ရင်စိမ် ဒီလောက်ပင်။အခုလို လူတစ်ကိုယ်လုံး ရေထဲကျသွားတဲ့အခါ အရမ်းကို ကြောက်သွားပြီး နှစ်ချက် လောက် အတင်းရုန်းပြီးတာနဲ့ ပါးစပ်နဲ့
နှာခေါင်းထဲကို ရေတွေဝင်ကုန်တော့သည်။ရေမွန်းတဲ့ ခံစားချက်ကြီးက တကယ်ကို ခံရ ခက်ပါသည်။ ဝင်လာတဲ့ ရေတွေကြောင့် အသက်ရှုတွေပါ ကျပ်လာတဲ့အခါ သူမ ကူ ကယ်ရာမဲ့သလို ခံစားလာရပြီး စိတ်ထဲမှာ လည်း ပူထူလာတော့သည်။
ဒါပေမဲ့ ဒီလိုသေမင်းတံခါးဝနား ရောက်သွားသလို ခံစားချက်ကြီးကို အကြာကြီးမခံစားလိုက်၍ တော်သေးသည်ဟုပင် ဆိုရမည်။
သူမကို တစ်ယောက်ယောက်က ဆွဲတင်ပေးလာခဲ့သည်--
ကွမ်းရှီးခမျာ ကြောက်အားလန့်အားနဲ့ ချောင်းတွေပါဆိုးကုန်ပြီး ဘာမှဂရုမစိုက်နိုင်တော့ဘဲ လာကယ်ပေးတဲ့သူကိုပဲ အတင်းဖက်တွယ် ထားတော့လေသည်။
"မင်းမသေနိုင်ပါဘူး။ နည်းနည်းလွှတ်ပေးဦး။" နားနားလေးကနေ အရမ်းကို ရင်းနှီးနေတဲ့အသံတစ်သံကို ကြားလိုက်ရသည်။
ကွမ်းရှီး ခက်ခက်ခဲခဲနဲ့ မျက်လုံးဖွင့်ကြည့်
လိုက်တဲ့အခါမှာတော့ အနည်းငယ်မျက်မှောင် ကြုတ်ထားတဲ့ ကျန်းဆွေကျိုးဟာ သူမကို အေးစက်စက်စိုက်ကြည့်နေတာကို တွေ့လိုက် ရလေ၏။ သူက အနောက်တိုင်းဝတ်စုံကို ဝတ်ထားဆဲဖြစ်သော်လည်း အခုတော့
တစ်ကိုယ်လုံး ရွှဲရွှဲစိုနေလေပြီ။ကွမ်းရှီး ကြောင်အသွားကာ "နင်၊ နင်က ဘယ်လိုလုပ် ဒီကို..."
ကျန်းဆွေကျိုး ခဏတုံ့သွားပေမဲ့ ဘာမှပြန်မပြောဘဲ သူမကို ဖက်ထားရင်း ရေကန်စပ်ဆီကိုသာ ကူးသွားခဲ့သည်။
ရေကန်ထဲက လှေကားလေးတွေဆီ ရောက်တဲ့အခါ သူမကို အရင်တက်ခိုင်းလိုက်သည်။ ဒါပေမဲ့လည်း ကွမ်းရှီး တစ်လှမ်းပဲလှမ်းရသေးတယ်၊ သူမကိုယ်ပေါ်က စကတ်က ရေစိုပြီး အသားနဲ့ လုံးဝကိုကပ်နေတာကို တွေ့လိုက်ရလေ၏။
CZYTASZ
Come To My Side (Myanmar Translation)
RomansChinese Name - 到我身边来 English Name - Come To My Side Author - 六盲星 (Liu Mang Xing) အသက်၂၆နှစ်အရွယ် ကွမ်းရှီးတစ်ယောက် သူမဟာ သမီးအရင်းမဟုတ်ကြောင်း အသိပေးခံလိုက်ရသည်။ တကယ့်ကွမ်းသခင်မလေးအစစ်ကို မြို့ငယ်လေးတစ်မြို့ရဲ့ အစွန်ကျကျနေရာကနေ သွားခေါ်လာတော့မည်။ မျ...