Chapter-30

1.4K 119 7
                                    

မျက်စိရှေ့က အရာအားလုံးဟာ ဖြူဖွေးနေခဲ့သည်။ သေချာအာရုံစူးစိုက်ပြီး ကြည့်လိုက်တဲ့အခါမှပဲ ဖန်ပုလင်းအကြည်လေးကို တွေ့လိုက်ရတော့သည်။ အဲ့ဒီပုလင်းကနေ ဒေါင်လိုက်ပိုက်တစ်ချောင်းထွက်လာကာ အဲ့ဒီထဲက ဆေးတစ်စက်စက်ကတော့...... သူမ လက်ဖမိုးဆီသို့ စီးဝင်နေခဲ့သည်။

ကွမ်းရှီး မျက်တောင်ခတ်လိုက်ကာ သူမလည်ချောင်းတွေ အရမ်းခြောက်နေတာကို ခံစားလိုက်ရသည်။

"ရှီးရှီး? ရှီးရှီး နိုးလာပြီလား။"

ဘေးမှာ လူတစ်ယောက် ထိုင်နေကာ သူမ နိုးလာတာကို မြင်တဲ့အခါ သူမမျက်နှာကို လာထိခဲ့သည်။ ကွမ်းရှီး မော့ကြည့်လိုက်ကာ "ပါး......"

ကွမ်းရှီးဟောင်; "သမီး နောက်ဆုံးတော့ နိုးလာပြီပေါ့။ ပါပါး ဘယ်လောက်တောင် စိတ်ပူနေခဲ့လဲ သမီးသိရဲ့လား။"

ကွမ်းရှီး "သမီး ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ ဟိုကနေ ထွက်လာနိုင်ပြီလား......"

ကွမ်းရှင်းဟောင်; "ဟုတ်တယ်လေ။ အချိန်မီလေး ရှာတွေ့လို့ တော်သေးတာပေါ့၊ သမီး ဘာမှကြီးကြီးမားမား ဖြစ်မသွားတာ!"

ကွမ်းရှီး တုံ့သွားကာ ချက်ချင်းပဲ "ဒါဆို သူရော? ကျန်းဆွေကျိုး ဘယ်မှာလဲ။"

"ဪ ဆွေကျိုးလား။ ဒီမှာပဲလေ--"

ကွမ်းရှင်းဟောင်က ဘေးကို ဖယ်ပေးလိုက်သည်။

ကွမ်းရှင်းဟောင် ဖယ်ပေးလိုက်တော့မှပဲ ဒါဟာ နှစ်ယောက်ခန်းဖြစ်မှန်း ကွမ်းရှီး သတိထားမိလိုက်တော့သည်။ ကျန်းဆွေကျိုးက သူမဘေးက ခုတင်ပေါ်မှာ မှီထိုင်နေကာ ထမင်းစားဖို့ထားပေးတဲ့ စားပွဲလေးက အခုတော့ သူ့လက်ပ်တော့ တင်ဖို့နေရာ ဖြစ်သွားခဲ့သည်။

"နေလို့ကောင်းသွားပြီလား။" သူက သူမဘက်ကို လှည့်ပြီး မေးလာသည်။

ကွမ်းရှီး သူ့ကို ခေါင်းအစခြေအဆုံး စေ့စေ့ပေါက်ပေါက် ကြည့်လိုက်ရာ သူ့ညာဘက်ခြေထောက်က ပတ်တီးတွေနဲ့ ဖြစ်နေတာကို တွေ့လိုက်ရလေ၏။

"ခြေထောက်က ဘာဖြစ်တာလဲ။"

ကွမ်းရှင်းဟောင်က ရှင်းပြလာခဲ့သည်။ "ဆွေကျိုးက ခြေထောက်ထိသွားတာလေ။ ဒါပေမဲ့ အရမ်းတော့ မပြင်းပါဘူး။ သမီး စိတ်မပူပါနဲ့။"

Come To My Side (Myanmar Translation)Donde viven las historias. Descúbrelo ahora