Chapter-51

1.5K 124 2
                                    

ကွမ်းရှီးက အရပ်ရှည်တဲ့အပြင် သူမရဲ့ အချိုးအစားကျလှတဲ့ ခန္ဓာကိုယ်နဲ့ ခြေတံရှည်ရှည်တွေကြောင့် ဒီလိုယူနီဖောင်းမျိုး ဝတ်လိုက်တဲ့အခါ ဖြူစင်တဲ့ပုံစံမျိုး မပေါက်တော့ဘဲ လန်နင်ယီးပြောသလို လူကို ဆွဲဆောင်နေတဲ့ပုံစံမျိုးသာ ပိုပေါက်နေတော့သည်။

ကွမ်းရှီး သူ့ကိုယ်ပေါ်ကနေ ဆင်းသွားတဲ့အချိန်ကတည်းက ကျန်းဆွေကျိုးရဲ့ အကြည့်တွေက သူမကိုယ်ပေါ်မှာပဲ တောက်လျှောက်ဆိုသလို ရှိနေကာ

"နင် ပင်ပန်းနေပြီလား။ ဒါမှမဟုတ် နင် အရင်သွားနားလိုက်လေ။ ငါ ခဏနေမှ နင့်ကို မေးလည်း ဖြစ်တာပဲ။" သူများက အခုလေးတင်မှ ပြန်ရောက်လာတယ်ဆိုတာကို သတိရသွားတဲ့ ကွမ်းရှီးဟာ သူ့ကို အသက်ရှူခွင့်လေးတော့ ပေးဦးမှပဲဆိုပြီး တွေးလိုက်မိသည်။

ကျန်းဆွေကျိုး "မင်းက လောင်ရှစ်လို့တောင် ခေါ်နေပြီးမှတော့ ကိုယ် သွားနားလို့ ကောင်းပါဦးမလား။"

ကွမ်းရှီးက သူ့လက်မောင်းကို ချိတ်လိုက်ကာ "ကောင်းပါတယ်။ အတန်းဆင်းချိန်လို့ သဘောထားလိုက်ပေါ့။"

"အတန်းက စတောင် မစရသေးတာကို ဆင်းပေးလို့တော့ ဘယ်ဖြစ်မလဲ။ ပြော ဘာကိစ္စလဲ။"

"ဪ~ အလုပ်က အခက်အခဲလေး သေးသေးလေးပါ။" ကွမ်းရှီးက သူ့ကို စာဖတ်ခန်းဆီ ဆွဲခေါ်သွားလိုက်ကာ "နင် ငါ့ကို ကူကြည့်ကြည့်ပေးပါဦး။"

စာဖတ်ခန်းထဲ ရောက်ပြီးတဲ့နောက် ကွမ်းရှီးက သူ့ကို စားပွဲခုံနောက်က ထိုင်ခုံမှာ ထိုင်ခိုင်းကာ လက်ပ်တော့ကိုလည်း သူ့ရှေ့ထိ ပို့ပေးလာခဲ့ပြီး "စတူဒီယိုက နှစ်စဉ်လုပ်ငန်းစဉ်တွေနဲ့ အစီအစဉ်တွေ ပို့ပေးလိုက်တာ၊ နင် ကြည့်ပြီး နင့်အမြင်လေးတွေ နည်းနည်းပြောပြပေးပါလား။"

"ဒါလေးပဲလား။"

ကွမ်းရှီး ; "မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ စာချုပ်လေးတွေလည်း ရှိသေးတယ်။"

ကျန်းဆွေကျိုးက အင်းသံ တစ်ချက်ပြုလိုက်ပြီးတဲ့နောက် သူမကို သူ့ပေါင်ပေါ် ဆွဲတင်လိုက်ကာ လက်ပ်တော့မောက်စ်ကို ကိုင်လိုက်တဲ့အခါ သူမကို ရင်ခွင်ထဲထည့်ထားပြီးသား ဖြစ်သွားတော့လေ၏။

Come To My Side (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang