Chapter-15

731 77 4
                                    



အဲ့ဒီရက်တွေ? ဘယ်ရက်တွေလဲ? သူမ ရာသီလာနေတဲ့ ရက်တွေကို ပြောချင်တာလား။

ကွမ်းရှီး မျက်ဖြူလှန်ပြလိုက်မိသည်။ အဲ့ဒါ သူမ အရမ်းနာနေတဲ့အချိန် အနားမှာ သူရှိနေတာနဲ့ တစ်ခါလေး ကြုံသွားမိလို့မဟုတ်ဘူးလား။

သူမ လတိုင်းလတိုင်း အဲ့ဒီလိုဖြစ်နေတာလည်း မဟုတ်ပါဘူးနော်။ နောက်ပြီး အဲ့ဒီလိုဖြစ်တယ် ဆိုရင်တောင်မှ သူ သိတာမှ မဟုတ်တာ။

သူမ ရာသီလာနေတဲ့အချိန် ကျန်းအာ့ကိုက ဘယ်ရောက်နေတလဲ။ အဲ့ဒီလိုအချိန်တွေဆို လူမပြောနဲ့၊ အရိပ်လေးတောင် မမြင်ရတာကိုများ!

ကွမ်းရှီး စိတ်တိုတိုနဲ့ လက်ပ်တော့ကို ခေါက် ပစ်လိုက်ကာ တမင်ရွဲ့ပြီး ကော်ဖီကို မသောက် ဘဲ နေနေလိုက်သည်။ ဒါပေမဲ့လည်း မိုခါနံ့က အရမ်းမွှေးလွန်းလာပြီး သူမလျှာဖျားလေးထိပ်က ခုနအခါးအရသာကို ပိုပြီးခါးလာအောင် ဆွပေးနေသလိုပင်။

အရွဲ့တိုက်ချင်တဲ့စိတ်ကလေးကလည်း ကော်ဖီနံ့ မွှေးမွှေးလေးအောက်မှာ တဖြည်း ဖြည်း လွင့်ပြယ်စ ပြုလာပါတော့သည်....... နောက်ဆုံးမှာတော့ လက်ကလေးဆန့်ထုတ်ပြီး လှမ်းယူလိုက်ကာ သူမ စိတ်တိုင်းကျမဟုတ် တဲ့ မိုခါအပူကို တစ်ငုံလောက် သောက်တယ် ဆိုရုံလေး သောက်လိုက်သည်။

ကျန်းဆွေကျိုး မျက်လုံးထောင့်ကနေ သူမအပြုအမူတွေ အကုန်လုံးကို မြင်နေရကာ သူမ နှစ်ငုံလောက်သောက်ပြီး သက်ပြင်းလေးအသာချလိုက်တာကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့နှုတ်ခမ်းစွန်းလေးတွေ မသိမသာ ကွေးတက်သွားခဲ့သည်။

အစည်းအဝေးက စနေပြီဖြစ်ကာ ကွမ်းရှီးက ကွမ်းလုပ်ငန်းစုဘက်က အထွေထွေတာဝန်ရှိသူဖြစ်တာကြောင့် သူမက အရင်စပြီး ဒီပရောက်ဂျက်ရဲ့ ပန်းတိုင်အကြောင်းကို ရှင်းပြရ သည်။ သူမ ပြောပြီးကာမှ ဌာနအသီးသီး၏ တာဝန်ရှိသူတွေက တစ်ယောက်ပြီး   တစ်ယောက်သွားပြီး အသေးစိတ်ကို တင်ပြကြရသည်။

အစည်းအဝေးက တစ်နာရီခွဲလောက်ကြာကာ ကျန်းဆွေကျိုးက အကြမ်းဖျင်းတိုးတက်မှု အခြေအနေကို သိချင်လို့ လာတာဖြစ်တာကြောင့် ဘာမှဝင်မပြောခဲ့ချေ။

Come To My Side (Myanmar Translation)Where stories live. Discover now