Extra-3

610 99 4
                                    

လက်ထပ်ပြီးနောက် နေ့စဉ်ဘဝ - ၁

သူငယ်ချင်းတွေ ခန့်မှန်းထားတဲ့အတိုင်းပဲ၊ ကျန်းဆွေကျိုးနဲ့ ကွမ်းရှီးတို့ရဲ့ မင်္ဂလာပွဲက ကြီးကျယ်ခမ်းနားခဲ့ပါသည်။

ရာစုနှစ်တစ်ခုလုံးမှာ အခမ်းနားဆုံးမင်္ဂလာပွဲအဖြစ် တစ်မြို့လုံးကို အံ့အားသင့်သွားစေခဲ့ပြီးနောက် ကွမ်းရှီးဟာ ဒီမင်္ဂလာပွဲက အရမ်းကို ကိန်းကြီးခန်းကြီးနိုင်သလို ခံစားသွားရပြန်သည်။

သူမက အဖြူရောင်ဂါဝန်လေးဝတ်ကာ ပင်လယ်နား တောင်ထိပ်ပေါ်က ဘုရားကျောင်းမှာပဲ ကျန်းဆွေကျိုးနဲ့ အပြန်အလှန် ကတိသစ္စာပြုပြီး ရိုးရိုးရှင်းရှင်းနဲ့ ရိုမန်တစ်ဆန်တဲ့ပွဲမျိုး လိုချင်လာပြန်သည်။

ဒါနဲ့ပဲ သူတို့ ဟန်းနီးမွန်းထွက်တဲ့အချိန် သူမဟာ ကျန်းဆွေကျိုးလက်ကိုဆွဲကာ အဲ့ဒီလိုမျိုး တစ်ခေါက်လုပ်ခဲ့ပြီးဓာတ်ပုံတွေ အများကြီးရိုက်ကာ Moments မှာ တင်လိုက်တာဟာ like တွေ အများကြီး ရသွားခဲ့သေးသည်။

ကွမ်းရှီး ဘယ်လောက်တက်ကြွသလဲဆိုတာကို မသိတဲ့သူမရှိပေမဲ့ ကျန်းဆွေကျိုးရဲ့ ဒီလိုအကန့်အသတ်မဲ့ လိုက်လျောပေးနေတာတွေဟာ အခုထက်ထိ သူတို့ကို ပလတ်စတစ်ဆက်ဆံရေးလို့ ထင်နေဆဲလူတွေအတွက် ပြောစရာဖြစ်လာပါတော့သည်။

လက်ထပ်ပြီးဘဝကို ကွမ်းရှီး မကျေနပ်စရာ မရှိပေ။ ဘာလို့လဲဆိုတော့ သူမနဲ့ ကျန်းဆွေကျိုးက မင်္ဂလာဦးအိမ်ကို ပြောင်းသွားတာကလွဲရင် တခြားဘာမှထူးထူးခြားခြား ပြောင်းလဲသွားတာမှ မရှိဘဲကိုး။ နှစ်ယောက်သားက အရင်အတိုင်းပဲ နေ့တိုင်းပူးကပ်နေကြဆဲဖြစ်သည်လေ။

သူမအတွက် လက်ထပ်ပြီးနောက်ပိုင်း အဆင့်မတက်ချင်တဲ့ တစ်ခုတည်းသောအရာက ယောက္ခမနဲ့ အဆက်အဆံလုပ်ဖို့ပင်။

တကယ်တော့ အဆက်အဆံလုပ်ရတယ်လို့တော့လည်း မဟုတ်ပေ၊ လီယွမ်ယင်းက သူတို့အိမ်မှာ တစ်ခါမှမှ လာမနေဘဲကိုး။ ဒါပေမဲ့ လက်ထပ်ပြီးပြီဖြစ်တာကြောင့် နောက်ပိုင်းပွဲတော်ရက်တွေမှာ သူမအနေနဲ့ သွားပြီးတော့တော့ အရိုအသေပေးရဦးမှာပင်။

Come To My Side (Myanmar Translation)Where stories live. Discover now