Chapter-20

1.4K 135 5
                                    

သူ့အတွေးတွေက သူတို့ ပထမဆုံးစတွေ့ခဲ့တဲ့ ခုနှစ်ဆီသို့ ပြန်ရောက်သွားခဲ့သည်။ သူတို့ဟာ နောက်တောက်တောက် ကလေးအရွယ်သာ ရှိသေးသည်။

သို့ပေမဲ့ ဝေ့ရှိုးယန်အတွက်တော့ အဲ့ဒီနေ့၊ ကွမ်းရှီးကို ပထမဆုံးအကြိမ်တွေ့လိုက်ရတဲ့အချိန်မှာ လက်ထဲမှာကိုင်ထားတဲ့ ကိုလာဘူးတောင် လွတ်ကျသွားခဲ့ရတဲ့ ကိုယ့်ပုံစံကိုယ် ရှင်းလင်းပြတ်သားစွာပဲ မှတ်မိနေပါသေး သည်။

အဲ့ဒီအရွယ်လေးကတည်းက ဘယ်သူ့မှ လူမထင်တဲ့ပုံ ပေါ်နေပြီဖြစ်တဲ့ ကွမ်းရှီးဟာ သူ့ဆီ လျှောက်လာကာ လက်စသတ်တော့ ငါ့မှာ  မောင်ဝမ်းကွဲတစ်ယောက်ရှိသေးတာပဲဟု ပြောလာခဲ့သည်။ အဲ့ဒီစကားအပြင် ထပ်ပြောလာခဲ့သည်မှာတော့ မောင်လေး၊ နင်က နည်း နည်းနုံတဲ့ပုံပဲနော်။
ကိုလာဘူးတောင် နိုင်အောင် မကိုင်နိုင်ဘူးဟူ၍ပင်။

သူ တစ်လျှောက်လုံး ပြောမပြဖြစ်ခဲ့တာကတော့ ကိုလာဘူးကို နိုင်အောင် မကိုင်နိုင်တာ သူ နုံလို့မဟုတ်ရပါဘူး။ တံခါးပေါက်ကနေ လျှောက်ဝင်လာတဲ့သူက အရမ်းကိုညှို့ယူနိုင် စွမ်းရှိနေလို့ပါဆိုသည်ကိုပင်။

သူက သူမထက် လပိုင်းလောက်ငယ်တယ်ဆိုပေမဲ့ တကယ်တော့ရွယ်တူတွေဖြစ်ကြတာကြောင့် နိုင်ငံခြားက ပြန်လာတဲ့ ကွမ်းရှီးက သူတို့ကျောင်းကို ပြောင်းလာတဲ့အခါ သူနဲ့ တစ်တန်းတည်းဖြစ်သွားခဲ့သည်။

အစိမ်းသက်သက်ဖြစ်နေတဲ့ ဒီပတ်ဝန်းကျင်မှာ ကွမ်းရှီးကို ဂရုစိုက်ပေးဖို့ဟုဆိုကာ အိမ်ကလူတွေက သူတို့ကို တစ်ခုံတည်းထိုင်ဖြစ်အောင် စီစဉ်ပေးကြသည်။

ဒါပေမဲ့ ကွမ်းရှီးက သူများဂရုစိုက်ပေးစရာလိုတဲ့လူမျိုး မဟုတ်ကြောင်းကို သူ ပထမဆုံးနေ့မှာကတည်းက သိလိုက်ရပါသည်။ သူမလေးက အရမ်းကိုလှလွန်းတာကြောင့် အတန်းဖော်တွေအကုန်လုံးက သူမနဲ့ ရင်းနှီးချင်ကြသည်လေ...... သူမ ရောက်ပြီး ဘယ်လောက်မှမကြာခင်မှာပဲ သူငယ်ချင်းတစ်အုပ်လိုက်ကြီး ရှိနေပြီဖြစ်သည်။

ဒါပေမဲ့ သူက သူမနဲ့တစ်ခုံတည်းထိုင်တဲ့သူ ဖြစ်တဲ့အပြင် အမျိုးတွေလည်းဖြစ်တယ်ဆိုတဲ့အချက်က သူ့အတွက် အားသာချက်တစ်ခု ဖြစ်နေပါသေးသည်။

Come To My Side (Myanmar Translation)Onde histórias criam vida. Descubra agora