Chapter-62

704 87 3
                                    

အပြင်ဘက်မှာ သစ်ပင်စိမ်းစိမ်းတွေနဲ့ မီးရောင်စုံတွေဟာ အပြိုင်ရှိနေလေ၏။

ကွမ်းရှီးက သူ့ကို ခဏလောက်ဖက်ထားလိုက်ပြီးတဲ့နောက် သူ့နောက်က မီးတွေလင်းနေဆဲဖြစ်တဲ့ အိမ်ကို လှမ်းကြည့်လိုက်မိသည်။

"ငါကြားလာတာ နင့်အဖေက အနားယူတော့မှာဆို?"

ကျန်းဆွေကျိုး ; "သူ့ကျန်းမာရေးက အကောင်းကြီး မဟုတ်တော့ စိတ်အရမ်းပင်ပန်းလို့ မသင့်တော်တော့ဘူး။"

"ဒါဆို...... နင် အခုတလော နင့်ဟိုအစ်ကိုနှစ်ယောက်နဲ့ သိပ်အဆင်မပြေဘူးပေါ့?" ကွမ်းရှီးက သူ့ကို တွန်းလိုက်ကာ; "နင် အဆင်ပြေရဲ့လား။"

"ကိုယ်က ဘာဖြစ်နိုင်မှာမလို့လဲ။ မင်းက စိတ်ပူနေသေးတယ်။"

"နင် ဒါဘာသဘောလဲ။ နင်ပဲ ငါ့ကို စိတ်ပူပေးနေရတာမလို့လား။"

ကျန်းဆွေကျိုးက သူမကို ကားတံခါးနဲ့ ကပ်လိုက်ကာ ; "မင်းက လူကို တကယ်ပဲ လွယ်လွယ်လေးနဲ့ စိတ်ပူသွားအောင် လုပ်နိုင်စွမ်းရှိတယ်။"

"သွားစမ်းပါ...... အိုင်း၊ နင်ငြိမ်ငြိမ်နေလေဟာ။" ကွမ်းရှီးဟာ သူ့ရင်ဘတ်ပေါ် လက်တင်လိုက်ပြီး လျှောက်လုပ်နေတာကို တားလိုက်သည်; "နင့်အိမ်ကလူတွေ မအိပ်သေးဘူးမလား။ ပြန်တော့လေ။ ငါက ဒီတိုင်းပဲ လာတွေ့တာ။ ဘာမှမဟုတ်ဘူးရယ်။"

ကျန်းဆွေကျိုး ; "မင်း ကိုယ်နဲ့ အိမ်ပြန်လိုက်ခဲ့။"

"မလိုက်ပါဘူး!" ကွမ်းရှီးက တန်းငြင်းလိုက်သည် ; "ညဘက်ကြီး ရုတ်တရက်ရောက်ချလာပြီး ဘာမှလည်း ပါလာတာမဟုတ်ဘူး။ နင့်မိဘတွေကိုလည်း နှုတ်မဆက်ဘဲနဲ့။ ဘယ်လောက်တောင် နေရခက်လိုက်သလဲ။"

ကျန်းဆွေကျိုး ; "ဒါဆို ကိုယ် မင်းနဲ့ အိမ်ပြန်လိုက်မယ်။"

"......"

ကျန်းဆွေကျိုးက ကားတံခါးကို ဆွဲဖွင့်လိုက်ကာ ; "ဝင်။"

ကွမ်းရှီး ; "အာ?"

"မင်းမောင်းမှာလား၊ ကိုယ်မောင်းရမှာလား။"

"...... ငါမောင်းမယ်။"

"ပြီးရော။" ကျန်းဆွေကျိုးက ဘေးကိုပတ်သွားလိုက်ကာ ; "သွားမယ်လေ။"

Come To My Side (Myanmar Translation)Where stories live. Discover now