Chapter-19

1.3K 132 4
                                    

၁၁နာရီတောင် ရှိနေပြီဖြစ်သည်။ ကွမ်းရှီး ဖုန်းချပြီးနောက် ဧည့်ခန်းထဲ ပြန်ဝင်လာလိုက်သည်။ ပါပါးမာမားတို့က အစောကြီးကတည်းက သူတို့အခန်းထဲသူတို့ ဝင်သွားကြပြီဖြစ်တာကြောင့် ဧည့်ခန်းထဲမှာ ကွမ်းယင်နဲ့ အန်တီကျန်းသာ ကျန်တော့သည်။

သူမ ဝင်လာတာကို တွေ့တဲ့အခါ အန်တီကျန်းက လှမ်းခေါ်ကာ "ရှီးရှီး၊ လာ၊ နည်းနည်း ထပ်သောက်လိုက်ဦး။ ကြည့်၊ ယင်းယင်တောင် အများကြီးသောက်ပြီးပြီ။ ဘယ်လောက်သောက်လို့ကောင်းလဲ။"

ကွမ်းရှီး "တော်ပြီ။ သမီးက ဝလွယ်တယ်။"

အန်တီကျန်းက သူမကို ကြည့်ကာ "နေ့တိုင်း ဝလိမ့်မယ်၊ ဝလိမ့်မယ်ပဲ ပြောနေတယ်။ သမီး တကယ်ဝတာကို အန်တီဖြင့် တစ်ခါမှ မမြင်ဖူးပါဘူး။"

သူမ နားမထောင်ဘဲ ဆိုဖာပေါ်မှာ တင်ထားတဲ့ သူမအိတ်ကို ယူကာ လှန်လှောရှာလိုက်ပြီးနောက် နှုတ်ခမ်းနီနဲ့ မှန်သေးသေးလေးတစ်ချပ်ကို ထုတ်ကာ နှုတ်ခမ်းနီဆိုးလိုက်သည်။

အန်တီကျန်း "အိုင်းယိုး။ ဒီကလေးကတော့ ဘာလုပ်နေပြန်တာလဲ။ ညနက်နေပြီကို......"

ကွမ်းရှီး "အန်တီကျန်း၊ သမီး ကိစ္စရှိလို့၊ အပြင်သွားလိုက်ဦးမယ်။"

"ဒီလောက်နောက်ကျနေပြီ၊ သမီးဘာသာ ကားမောင်းလို့ မလုံခြုံဘူး။"

"စိတ်ချပါ၊ လာကြိုမဲ့သူရှိတယ်။"

ဇွန်းကိုင်ထားတဲ့ ကွမ်းယင်လက်က တစ်ချက်တုံံ့သွားခဲ့ပြီး ခုနက ကွမ်းရှီးနဲ့ ဗီဒီယိုကောလ်ပြောနေခဲ့တဲ့လူနဲ့ သူပြောတဲ့စကားကို တွေးမိသွားခဲ့သည်။

သူမ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ ကွမ်းရှီးကို လှမ်းကြည့်လိုက်သည်။

အခုအချိန်မှာ ကွမ်းရှီးက မိတ်ကပ်ဖျက်ပြီးနေပြီဖြစ်ပေမဲ့ သူမ အသားရေက အရမ်းကောင်းပြီး အပြစ်အနာအဆာတစ်ခုမှ မရှိချေ။ နှုတ်ခမ်းနီနည်းနည်းဆိုးလိုက်တဲ့အခါမှာတော့ ပိုပြီးတော့တောင် ကြည့်လို့ကောင်းသွားသေးသည်။ ညဝတ်ဝတ်စုံနဲ့တောင်မှ သူမက မျက်စိကျိန်းလောက်အောင် လှပနေပါသေးသည်။ လှပါတယ်ဆိုတဲ့သူတွေတောင်မှ သူမနားမှာ ယှဉ်ရပ်လိုက်ရင် မထင်ပေါ်နိုင်လောက်တော့သည့်အထိပင်။

Come To My Side (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang