Chapter-23

682 76 2
                                    

ကွမ်းရှီး အခု ကွမ်းယင် ဒီလည်ဆွဲကို ဝယ်ချင်ရတဲ့ အကြောင်းရင်းကို သိသွားတဲ့အခါမှပဲ ခုနက လေလံပွဲမှာ သူမ ဘာလို့ တောက်လျှောက်လေလံဆွဲနေရသလဲဆိုတာကို နားလည် သွားတော့လေ၏။

လက်စသတ်တော့ သူလည်း သူမလိုအတွေးမျိုး ရှိနေခြင်းပင်။

အဲ့ဒီလိုဆိုလို့လည်း သူမ အလျှော့ပေးမည် မဟုတ်ချေ။ သူမ အဲ့ဒီလောက်ထိ စိတ်သဘောထားကြီးမြတ်တဲ့သူ မဟုတ်။ သူမလည်း မာမား အကြိုက်ဆုံးပစ္စည်းကို သူများက မဟုတ်ဘဲ သူကိုယ်တိုင် ပေးတာမျိုး ဖြစ်စေ ချင်သည်။

လေလံဆွဲထားတဲ့ ပစ္စည်းတွေအကုန် ကြည့်ပြီးတဲ့နောက် ကွမ်းရှီး မပြန်သေးဘဲ လေလဲပွဲ ကျင်းပသူ ယန်မင်ကျစ်ကို နှုတ်ဆက်ဖို့ အတွက် နောက်ဘက်ထဲကို ဝင်သွားလိုက် သည်။

ယန်မင်ကျစ်ဟာ အသက်ငါးဆယ်ပြည့်ခါနီးသူတစ်ဦးဖြစ်သော်လည်း ဖျတ်ဖျတ်လတ် လတ်နှင့် သပ်သပ်ရပ်ရပ် ခန့်ခန့်ညားညားရှိလှသည်မှာ လေးဆယ်ပတ်ဝန်းကျင်လို့တောင် ထင်ရလောက်သည် အထိပင်။

"ဦးလေးယန်"

ယန်မင်ကျစ်က သူမကို တွေ့တဲ့အခါ ပြန် နှုတ်ဆက်လာခဲ့သည်။
"ရှီးရှီး လာတာပဲ။"

"ဟုတ်တယ်။ ဦးလေးကို မတွေ့ရတာတောင် ကြာလို့လေ။"

ယန်မင်ကျစ်က ပြုံးလိုက်ပြီး မကျေမနပ်ဖြစ် တဲ့အသံမျိုးနဲ့ ပြန်ပြောလိုက်လေ၏။
"အဲ့ဒါ ခင်ဗျားလေးမှာ ကျုပ်လိုလူအိုကြီးကို လာတွေ့ဖို့ အချိန်မရှိလို့ မဟုတ်ဘူးလား။"

"ဦးလေးယန်က အခုမှ၅၁ပဲရှိသေးတဲ့ လူငယ် လေးပဲဟာကို၊ ဘာလူအိုကြီးလဲ။ မဟုတ်ပါဘူးနော်။"

"မင်းက လူကို ချော့ဖို့တော့ တော်တော်တတ်။" ယန်မင်ကျစ်က ကျန်းဆွေကျိုးကို ခေါင်းတစ် ချက်ညိတ်ပြလိုက်ကာ "ဆွေကျိုး၊ ဒီည မင်း ရလိုက်တဲ့ ပစ္စည်းတွေ မနည်းဘူးပဲ။"

ကျန်းဆွေကျိုး "ဦးလေးရဲ့ လေလံပွဲက ပစ္စည်းကောင်းတွေချည်း ထုတ်လာလို့ပါ။"

ယန်မင်ကျစ်က ကွမ်းရှီးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကာ "ဒါပေမဲ့ ဒီနေ့ညမှာ အများဆုံးအမြတ်ထွက်သွားတဲ့သူက ဒီကလေးမပဲ။"

Come To My Side (Myanmar Translation)Where stories live. Discover now