အပိုင်း[၉]

2.2K 137 7
                                    

ထိုကောင်မလေးပြန်သွား‌တော့မှ ထိုကောင်မလေးနှင့်ပတ်သက်၍အ‌တွေးတစ်ချို့ကိုတွေးနေမိသည်။ကိုယ့်အနေဖြင့် ဒီကောင်မလေးကို ခင်တွယ်ချင်သလိုလိုဖြစ်နေမိသည်။သူစိမ်းဆို ဘယ်သူစိမ်းကိုမှ စိတ်ထဲမရှိခဲ့သလောက် အဲ့ဒီကောင်မလေးကိုတော့စိတ်ထဲရှိနေသည်။မအူမလည်ပုံကလေးနှင့်ကလေးပုံမပျောက်သေးသောကောင်မလေးက ငွေလမင်းငယ်ဆိုတဲ့နာမည်လေးအတိုင်းအကြည်ဓာတ်၊အအေးဓာတ်ကလေးလည်းရှိနေပြန်သည်။ကိုယ့်ကိုဆို အမြဲကြောက်ဟန်ကလေးပြကာ မဝံ့မရဲပုံလေးကလည်းတစ်မျိုးချစ်စရာဖြစ်နေပြန်သည်။အရင်ကထိုကလေးကို ခပ်တန်းတန်းနေခဲ့မိသော်လည်း အခုများတော့ ထိုကဲ့သို့စိမ်းချင်စိတ်ရှိမနေတော့တာထူးဆန်းသည်။မိမိမှာအဲ့ဒီချစ်စရာကောင်မလေးနဲ့ ရင်းရင်းနီးနီးနေချင်စိတ် အပြည့်ရှိနေပြန်သည်။ ‌ငယ်ငယ်က ညီမလေးတစ်ယောက်လိုချင်သည်ဟု မေမေ့ကိုပူဆာဖူးပါသည်။ကံမကောင်း၍ ညီမလေးက နောက်ထပ်ရမလာခဲ့ပါ။တစ်ဦးတည်းသောသမီးအနေဖြင့်နေလာခဲ့ရင်း မွေးချင်းကလည်းမရှိသဖြင့် မိမိကိုအမြဲလိုလိုလာရောတတ်သောကောင်မလေးအား ညီမလေးတစ်ယောက်လိုခင်မိသွားတယ်ထင်၏။

ဒီနေ့လည်းအဲ့ဒီကောင်မလေးနားကို ‌အတန်းထဲကကောင်လေးတစ်ယောက်ကရစ်သီရစ်သီလုပ်နေသည်ကိုမြင်ပြီးစိတ်တိုရ‌သေးသည်။ကောင်လေးကသူ့ကိုစိတ်ဝင်စားနေပုံရှိသည်။ အကြောင်းအရင်းသေချာမသိပေမဲ့ အဲ့ဒီကောင်မလေးအား ရည်းစားမထားစေချင်သေးပါ။ငယ်လွန်းသေးသည်ဟုလည်းထင်မိသည်။တစ်ခုခုမှားယွင်းသွားမှာလည်းစိတ်ပူနေမိသည်။ထိုကောင်မလေးကိုရည်းစားမထားဖို့သတိပေးချင်ပေမဲ့ ကိုယ့်ညီမလည်းမဟုတ်သလိုကိုယ့်အသိလည်းမဟုတ်သဖြင့် ဘယ်လိုအကြောင်းပြချက်နဲ့ရည်းစားမထား‌ေသးဖို့တားမြစ်ရမလဲဆိုတာစဉ်းစားမရဖြစ်နေခဲ့သည်။ဒါပေမဲ့ တားမြစ်မိ‌ေစဖို့အကြောင်းတစ်ခုကဖန်လာခဲ့သည်။ဒါက‌ေတာ့အိမ်စာပေးလိုက်ခြင်းကိုသူလုပ်မလာခဲ့ခြင်းဖြစ်သည်။ အခြားနေ့များတွင်ဆို သေချာပေါက် ထိုကောင်မလေးကိုအတန်းထဲတွင်ဆူမိလိုက်လိမ့်မည်။ဒါပေမဲ့မဆူဖြစ်ခဲ့ပါ။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now